Wednesday, September 5, 2012

တိုက်ချင်းပစ် ဒုံးကျည်သစ် ရုရှားတည်ဆောက်မည်

0 comments


(မော်စကို   စက်တင်ဘာ   ၄)
ရုရှား နိုင်ငံသည် တိုက်ချင်းပစ် ဒုံးကျည်သစ် တစ်မျိုးကို ၂ဝ၁၈ ခုနှစ် နောက်ဆုံး ထားတည် ဆောက်မည် ဖြစ်ကြောင်း စစ်ဘက် အရာရှိကြီး တစ်ဦးက စက်တင်ဘာ ၃ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုံးကျည် သစ်သည် တန် ၁ဝဝ အလေးချိန် ရှိပြီး ၁၉၇ဝ ပြည့်နှစ်များ အတွင်းက ထုတ်လုပ် ခဲ့သော R-36 M2 Voyevoda ဒုံးကျည်များ နေရာတွင်  အစားထိုး သွားမည် ဖြစ်ကြောင်း သိရသည်။

ရုရှား၏ တိုက်ချင်းပစ် ဒုံးကျည် ထုတ်လုပ်မှု အစီအစဉ်တွင် ရေပြင်ပစ် Bulava ဒုံးကျည်၊ မြေပြင်ပစ် Topol-M(ယာပုံ)နှင့် Yarsဒုံးကျည်များ ပါဝင်ကြောင်း သိရသည်။ ရုရှားနိုင်ငံ၏ ခေတ်အမီဆုံး အဆင့် သုံးဆင့်ပါ လောင်စာ ခဲသုံး Bulava ဒုံးကျည်သည် ပဲ့ထိန်း စနစ် တပ်ဆင်ထားသည့် ထိပ်ဖူးများ တပ်ဆင် အသုံးပြုနိုင် ကြောင်း သိရသည်။

ဥရောပတွင် ဖြန့်ချမည့် ဒုံးကျည် ကာကွယ်ရေး စနစ်ကို အမေရိကန် အစိုးရက မစွန့်လွှတ်သေး သရွေ့ ရုရှား နိုင်ငံ အနေဖြင့် မဟာ ဗျူဟာမြောက် ဒုံးကျည်များကို ဆက်လက် တည်ဆောက် သွားမည်ဖြစ် ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား ထားသည်။       

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here