Monday, September 24, 2012

အမိမြေငြိမ်ချမ်ရေးဖေါ်ဆောင်မူ့အဖွဲ့ရှမ်းပြည်နယ်ခရီးစဉ်

0 comments


အမိမြေငြိမ်းချမ်းမူ့ဖေါ်ဆောင်ရေးအဖွဲ့မှ ဦးထွန်အောင်ကျော် ဦးကိုကိုလေးဦးမူးသာ တို့နှင့်ပြည်တွင်းမီဒီယာအချို့သည် စက်တင် ဘာလ၂၁ရက်နေ့ နံက်၁၁နာရီတွင်ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ဟဲဟိုးလေဆိပ်သို့ထွက်ခွာ ခဲ့ကြပါသည်။ဟဲဟိုးလေဆိပ်တွင် ရှမ်းပြည်နယ်မျိုးဆက်အဖွဲ့ဝင်များကခရီးဦးကြိုဆိုခဲ့ကြပြီးတောင်ကြီးမြို့သို့ဆက်လက်ထွက်ခွာခဲ့ကြသည်။အမိမြေငြိမ်းချမ်းရေးအဖွဲ့ဝင်များသည်စက်တင် ဘာလ၂၂ရက်နေ့ညနေပိုင်းတွင်ညောင်ရွှေမြို့အင်းလေးကန်ရှိ ရေသာဆရာတော်တည်ထောင်ထားသော ရေကြည်စမ်းပညာဒါန အခမဲ့ဘောဒါဆောင်သို့စက်လှေများနှင့်သွားရောက်လေ့လာကြသည်။ရေသာဆရာတော်ဧ။်ရေကြည်စမ်းပညာဒါန တွင် တိုင်းရင်း သားမိဘမဲ့နှင့်ဆင်းရဲနွမ်းပါးသောသူငယ်တန်းမှ၁၀တန်းအထိစုစုပေါင်း(၁၀၄)ဦးကိုကျောင်းအိပ်ကျောင်းစားဖြင့် ပြုစုစောင့်ရှောက်နေ သည့်အပြင် အင်းလေးဒေသတ၀ိုက်မှ ၁၀တန်းအောင်ပြီးလူငယ်များကို computer ၁၀လုံးခန့်ဖြင့်အခမဲ့အခြေခံ computer သင်တန်းများကိုကျွမ်းကျင်ဆရာဆရာမများကစနစ်တကျသင်ကြားပေးလျှက်ရှိသည်များကိုလေ့လာကြပါသည်။ ရေကြည်စမ်း ပညာဒါနတွင် စောင့်ရှောက် ပြုစုလျှက်ရှိသောတိုင်းရင်းသားကလေးများအတွက် နေ့စဉ်ကုန်ကျစာရိတ်မှာကျပ်ငါးသောင်းမှ – ရှစ်သောင်းအတွင်းကုန်ကျကြောင်း ဟင်းအတွက်အခက်အခဲမရှိသော်လည်း ဆန် ဘိုးငွေ မလုံလောက်ကြောင်း မကြာခဏ အကြွေးဝယ်ကြွေးနေရကြောင်းဆရာတော်မှမိန့်ကြားပါသည်။အမိမြေငြိမ်းချမ်မူ့ဖေါ်ဆောင်ရေးအဖွဲ.မှကူညီထောက်ပံ့ငွေ ကျပ်နှစ် သိန်းခွဲခန့်ကူညီထောက်ပံ့ပေးခဲ့ပါသည်။ကျောင်းသူကျောင်းသားငယ်များကလည်းရိုးရာအကများနှင့်ပြန်လည်ကပြဖျော်ဖြေကြပါသည်။
ရေသာဆရာတော်၏ပရဟိတလုပ်ငန်းများကိုစင်ကာပူနိုင်ငံမှမြန်မာလုပ်သားများချွေးနည်းစာများစုဆောင်းထောက်ပံ့ပေးနေကြောင်လည်းသိရသည်။မိမိတို့ USA သို့ပြန်လည်ရောက်ရှိပါကမြန်မာနိုင်ငံအတွင်းရှိအကူအညီလိုအပ်နေသော လူ့အဖွဲ့အစည်းများအတွက် ထိရောက်သောနည်း လမ်းများရှာဖွေပြီး ဆက်လက် ကူညီပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဥယျာဉ်မူး
ref: Hot News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here