Friday, September 21, 2012

"စင်ကာပူနဲ့ မြန်မာ အသင်း တို့ရဲ့ ခြေစမ်းပွဲ ကို ကွင်းထဲ အထိ လာရောက် အားပေးခဲ့ကြတဲ့ အနုပညာရှင် တို့ရဲ့အသံ"

0 comments

Photo: "စင်ကာပူနဲ့ မြန်မာ အသင်း တို့ရဲ့ ခြေစမ်းပွဲ ကို ကွင်းထဲ အထိ လာရောက် အားပေးခဲ့ကြတဲ့ အနုပညာရှင် တို့ရဲ့အသံ"  အာဆီယံ ဆူဇူကီး ဖလား ခြေစစ်ပွဲ ဝင်ဖို့အတွက် ပြင်ဆင်နေ တဲ့ မြန်မာ့ လက်ရွေးစင် အသင်း ဟာ ပထမဆုံး နိုင်ငံ တကာ ခြေစမ်းပွဲ အနေနဲ့ စင် ကာပူ အသင်းနဲ့ စက်တင်ဘာလ ၁၁ရက်နေ့ ညနေ ၄နာရီ က ရန် ကုန်မြို့ သုဝဏ္ဏ ကွင်းမှာ ခြေစမ်း ကစား ခဲ့ပါတယ်။ ဒီပွဲ ကစား ဖို့ မြန်မာ အသင်း ဟာ ပြင်ဆင်ချိန် ၂ရက်သာ ရရှိခဲ့ပြီး နည်းပြချုပ် ကိုရီးယား လူမျိုး ပတ်ေ ဆာင်ဟွာက လည်း ပြင်ဆင်ချိန် နည်းပါးလို့ ကစား သမား တွေ ကို နည်း ဗျူဟာ မသင်ကြားနိုင်ဘဲ စိတ်ဓာတ် ပိုင်းကို သာ မြှင့်တင်ပေးထား တယ်လို့ ပြောပါတယ်။ မြန်မာ ပရိသတ် တွေက လည်း ကိုယ့်မြေ၊ ကိုယ်ရေမှာ ကစား တာမို့ အိမ်ရှင် ဂုဏ်မရိုင်း စေဘဲ မျှမျှ တတနဲ့ စည်းကမ်း ရှိရှိ အားပေးခဲ့ ကြပါ တယ်။ စင်ကာပူ အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစား ခဲ့ပြီး ပထမ ပိုင်းက တော့ ဂိုးမရှိ သရေ ရလဒ် နဲ့သာပြီးဆုံး ခဲ့ပါ တယ်။ ဒုတိယ ပိုင်း ၅၃မိနစ် မှာ မြန်မာ နောက်ခံ လူအမှား ကနေ အဂူးကတ် ရှ်မီးယားက စင်ကာပူ အသင်း အတွက် ဦးဆောင် ဂိုးသွင်း ပေးခဲ့ ပါတယ် ။ကြည်လင်း ၊မိုးဝင်း၊ သိန်းသန်း လင်း၊နိုင်လင်းဦး ၊ရာဇာ ဝင်းသိန်းတို့ ဝင်လာ ချိန် မှာတော့ မြန်မာ အသင်း အသာ ရရှိခဲ့ ပြီး စင်ကာပူ အသင်း ကိုမြန်မာ အသင်း ကို ဖိအားပေး ကစားနိုင် ခဲ့ပါတယ်။ ပွဲချိန် မိနစ်၈ဝ မှာ သိန်းသန်း ဝင်း ရဲ့ဘယ် တောင်ပံဖြတ်တင်ဘော ကို ဒေးဗစ်ဒန်း က လှလှ ပ ပ ဒေါင့် ဖြတ်မြေ မကျ ကန်သွင်း ကာ အိမ်ရှင် ဂုဏ်ပြန် ဆယ် ခဲ့ပါတယ်။ ပွဲအပြီး မှာတော့ နှစ်သင်း စလုံးက မျှတတဲ့ ရလဒ် အနေနဲ့ တစ်ဖက် တစ်ဂိုး ဆီ သရေ ရလဒ်နဲ့ပဲ ပွဲပြီးဆုံး ခဲ့ပါတယ်။မြန်မာ့ လက်ရွေးစင် အသင်း အနေနဲ့ ဆူဇူကီး ဖလား ခြေစစ်ပွဲ မဝင်ခင် ဂျပန်နိုင်ငံ ကိုသွား ပြီး ခြေစမ်း ပွဲတွေ ကစားမှာ ဖြစ်တယ် လို့ သိရ ပါတယ်။ မြန်မာ့ လက်ရွေးစင် အသင်း ရဲ့ ဆူဇူကီး ဖလားခြေစစ်ပွဲ အကြို စင်ကာပူ အသင်း နဲ့ ခြေစမ်းပွဲ ကို အနု ပညာရှင် များလည်း လာရောက် အားပေး ခဲ့ကြပါ တယ်။ မြန်မာ အသင်း နဲ့ ပတ်သက်ပြီး ကျော်ကျော်ဗို က " အရှေ့ တောင် အာရှ အသင်း အချင်း ချင်း ကန်ကြတာ ဆိုတော့ ဒီလို ပါပဲ။ လိုအပ်ချက် လေးတွေတော့ ရှိကောင်း ရှိဦးမှာပါပဲ။ ဒါပေမဲ့ တဖြည်း ဖြည်းတော့ ဖြစ်လာမှာ ပါ။ပြိုင်ပွဲက ဘယ်လို ခေါ်မလဲ အကုန်လုံး ပတ်သက်တဲ့ ပွဲပဲလေ။ ချစ်ကြည်ရေး ပွဲဖြစ်နေတော့ မဆိုးပါ ဘူး။ မျှော်လင့်တာ ကတော့ အများကြီး ပဲပေါ့။ ပြိုင် သမျှ အသင်းတိုင်း ကို နိုင်စေချင် တာပေါ့။ ကမ္ဘာ့ ဖလားတောင် ရစေ ချင်တယ် လို့ပြောပါတယ်။ မြန်မာ အသင်းရဲ့ခြေစွမ်း ကို အားမရဘူး တစ်ခုခု လိုနေ သလိုပဲ ဆိုတဲ့ မင်းသွေး ကလည်း "ပရိသတ် တစ်ယောက် အနေနဲ့ ပြောပြတာ ပါ။ မြန်မာ အသင်း ကလည်း အစွမ်းကုန် ကစား သွား တယ်။ မြန်မာ ဆိုတာ ကတော့ အရင် ကတည်းက မြန်မာ အသင်း တွေကို အားပေး ရင်တောင် ရင် တစ်ထိတ်ထိတ် နဲ့လေ။ အဲဒီလို ဆိုတော့ ဒီထက် ပို ပြီးကောင်းစေချင် ပါတယ်။ ဒီထက် ပိုပြီးတော့ လည်း အောင်မြင်မှုတွေ ရစေချင် ပါတယ်" လို့ ပြောပါတယ်။ ခင်လေးနွယ် ကလည်း " ဘောလုံးပွဲတွေ အများကြီး မကြည့်ဖြစ် ပါ ဘူး။ အဲဒီ နေ့က ကစား တာတော့ ကောင်းပါတယ်။ ကြိုးစား အားထုတ်မှု မရှိ ပေမယ့် လေ့ကျင့်ချိန် နည်းတာ ကြောင့်လို့ ထင်ပါတယ်" လို့ပြောပါ တယ်။ ဆူဇူကီး ဖလားခြေစစ်ပွဲ ဝင်မယ့် မြန်မာ့ အသင်းကို ညီညီညွတ်ညွ တ် နဲ့ ကြိုးစားအား ထုတ်ပြီး ဆုဖလား ရရှိစေ လိုတယ် " လို့ လည်း အားပေးစကားပြောပြပါတယ်။  သီဟ၊သိမ့်သိမ့်

အာဆီယံ ဆူဇူကီး ဖလား ခြေစစ်ပွဲ ဝင်ဖို့အတွက် ပြင်ဆင်နေ တဲ့ မြန်မာ့ လက်ရွေးစင် အသင်း ဟာ ပထမဆုံး နိုင်ငံ တကာ ခြေစမ်းပွဲ အနေနဲ့ စင် ကာပူ အသင်းနဲ့ စက်တင်ဘာလ ၁၁ရက်နေ့ ညနေ ၄နာရီ က ရန် ကုန်မြို့ သုဝဏ္ဏ ကွင်းမှာ ခြေစမ်း ကစား ခဲ့ပါတယ်။ ဒီပွဲ ကစား ဖို့ မြန်မာ အသင်း ဟာ ပြင်ဆင်ချိန် ၂ရက်သာ ရရှိခဲ့ပြီး နည်းပြချုပ် ကိုရီးယား လူမျိုး ပတ်ေ ဆာင်ဟွာက လည်း ပြင်ဆင်ချိန် နည်းပါးလို့ ကစား သမား တွေ ကို နည်း ဗျူဟာ မသင်ကြားနိုင်ဘဲ စိတ်ဓာတ် ပိုင်းကို သာ မြှင့်တင်ပေးထား တယ်လို့ ပြောပါတယ်။

မြန်မာ ပရိသတ် တွေက လည်း ကိုယ့်မြေ၊ ကိုယ်ရေမှာ ကစား တာမို့ အိမ်ရှင် ဂုဏ်မရိုင်း စေဘဲ မျှမျှ တတနဲ့ စည်းကမ်း ရှိရှိ အားပေးခဲ့ ကြပါ တယ်။ စင်ကာပူ အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစား ခဲ့ပြီး ပထမ ပိုင်းက တော့ ဂိုးမရှိ သရေ ရလဒ် နဲ့သာပြီးဆုံး ခဲ့ပါ တယ်။ ဒုတိယ ပိုင်း ၅၃မိနစ် မှာ မြန်မာ နောက်ခံ လူအမှား ကနေ အဂူးကတ် ရှ်မီးယားက စင်ကာပူ အသင်း အတွက် ဦးဆောင် ဂိုးသွင်း ပေးခဲ့ ပါတယ် ။ကြည်လင်း
၊မိုးဝင်း၊ သိန်းသန်း လင်း၊နိုင်လင်းဦး ၊ရာဇာ ဝင်းသိန်းတို့ ဝင်လာ ချိန် မှာတော့ မြန်မာ အသင်း အသာ ရရှိခဲ့ ပြီး စင်ကာပူ အသင်း ကိုမြန်မာ အသင်း ကို ဖိအားပေး ကစားနိုင် ခဲ့ပါတယ်။ ပွဲချိန် မိနစ်၈ဝ မှာ သိန်းသန်း ဝင်း ရဲ့ဘယ် တောင်ပံဖြတ်တင်ဘော ကို ဒေးဗစ်ဒန်း က လှလှ ပ ပ ဒေါင့် ဖြတ်မြေ မကျ ကန်သွင်း ကာ အိမ်ရှင် ဂုဏ်ပြန် ဆယ် ခဲ့ပါတယ်။ ပွဲအပြီး မှာတော့ နှစ်သင်း စလုံးက မျှတတဲ့ ရလဒ် အနေနဲ့ တစ်ဖက် တစ်ဂိုး ဆီ သရေ ရလဒ်နဲ့ပဲ ပွဲပြီးဆုံး ခဲ့ပါတယ်။မြန်မာ့ လက်ရွေးစင် အသင်း အနေနဲ့ ဆူဇူကီး ဖလား ခြေစစ်ပွဲ မဝင်ခင် ဂျပန်နိုင်ငံ ကိုသွား ပြီး ခြေစမ်း ပွဲတွေ ကစားမှာ ဖြစ်တယ် လို့ သိရ ပါတယ်။ မြန်မာ့ လက်ရွေးစင် အသင်း ရဲ့ ဆူဇူကီး ဖလားခြေစစ်ပွဲ အကြို စင်ကာပူ အသင်း နဲ့ ခြေစမ်းပွဲ ကို အနု ပညာရှင် များလည်း လာရောက် အားပေး ခဲ့ကြပါ တယ်။ မြန်မာ အသင်း နဲ့ ပတ်သက်ပြီး ကျော်ကျော်ဗို က " အရှေ့ တောင် အာရှ အသင်း အချင်း ချင်း ကန်ကြတာ ဆိုတော့ ဒီလို ပါပဲ။ လိုအပ်ချက် လေးတွေတော့ ရှိကောင်း ရှိဦးမှာပါပဲ။ ဒါပေမဲ့ တဖြည်း ဖြည်းတော့ ဖြစ်လာမှာ ပါ။ပြိုင်ပွဲက ဘယ်လို ခေါ်မလဲ အကုန်လုံး ပတ်သက်တဲ့ ပွဲပဲလေ။ ချစ်ကြည်ရေး ပွဲဖြစ်နေတော့ မဆိုးပါ ဘူး။ မျှော်လင့်တာ ကတော့ အများကြီး ပဲပေါ့။ ပြိုင် သမျှ အသင်းတိုင်း ကို နိုင်စေချင် တာပေါ့။ ကမ္ဘာ့ ဖလားတောင် ရစေ ချင်တယ် လို့ပြောပါတယ်။
မြန်မာ အသင်းရဲ့ခြေစွမ်း ကို အားမရဘူး တစ်ခုခု လိုနေ သလိုပဲ ဆိုတဲ့ မင်းသွေး ကလည်း "ပရိသတ် တစ်ယောက် အနေနဲ့ ပြောပြတာ ပါ။ မြန်မာ အသင်း ကလည်း အစွမ်းကုန် ကစား သွား တယ်။ မြန်မာ ဆိုတာ ကတော့ အရင် ကတည်းက မြန်မာ အသင်း တွေကို အားပေး ရင်တောင် ရင် တစ်ထိတ်ထိတ် နဲ့လေ။ အဲဒီလို ဆိုတော့ ဒီထက် ပို ပြီးကောင်းစေချင် ပါတယ်။ ဒီထက် ပိုပြီးတော့ လည်း အောင်မြင်မှုတွေ ရစေချင် ပါတယ်" လို့ ပြောပါတယ်။
ခင်လေးနွယ် ကလည်း " ဘောလုံးပွဲတွေ အများကြီး မကြည့်ဖြစ် ပါ ဘူး။ အဲဒီ နေ့က ကစား တာတော့ ကောင်းပါတယ်။ ကြိုးစား အားထုတ်မှု မရှိ ပေမယ့် လေ့ကျင့်ချိန် နည်းတာ ကြောင့်လို့ ထင်ပါတယ်" လို့ပြောပါ တယ်။ ဆူဇူကီး ဖလားခြေစစ်ပွဲ ဝင်မယ့် မြန်မာ့ အသင်းကို ညီညီညွတ်ညွ တ် နဲ့ ကြိုးစားအား ထုတ်ပြီး ဆုဖလား ရရှိစေ လိုတယ် " လို့ လည်း အားပေးစကားပြောပြပါတယ်။
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here