Wednesday, September 26, 2012

ထိုင်း ရေတပ်သည် ရေတပ်ဖွဲ့၏ စွမ်းဆောင်ရည် ကိုမြှင့်တင်ပေးရန် ဖရီးဂိတ် စစ်သင်္ဘော ၂ စီးကို ဝယ်ယူသွား မည်ဟုဆို

0 comments

ထိုင်း အစိုးရသည် ထိုင်း ပင်လယ်ကွေ့နှင့် အန်ဒမန် ပင်လယ်ပြင် တစ်လျှောက်ရှိ နိုင်ငံ၏ ရေပိုင်နက်ကို ကင်းလှည့် ရာတွင် ရေတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး ရေးအတွက် အလတ်စား ဖရီးဂိတ် စစ်သင်္ဘော ၂ စီးကို ဝယ်ယူရန် အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့် ရှိသော အသုံးစရိတ် တစ်ရပ်ကို မကြာသေး မီက အတည်ပြု ပေးခဲ့ ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့
Xinhua သတင်းတစ်ရပ် အရသိရှိ ရပါသည်။ ထိုင်း ရေတပ်သည် ဂျာမနီ နိုင်ငံလုပ် ဖရီးဂိတ် စစ်သင်္ဘော များထက် တရုတ် နိုင်ငံလုပ် ဖရီးဂိတ် စစ်သင်္ဘော များကို ပိုမို နှစ်သက်သည် ဆိုသော သတင်းများ ထွက်ပေါ်နေမှုကို ရေတပ် ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး Surasak Rounroengrom က ငြင်းဆို ပြောကြား ခဲ့ပါသည်။ ဖရီးဂိတ် စစ်သင်္ဘောများ ဝယ်ယူရေး အတွက် အစိုးရအဖွဲ့က အတည်ပြုပေး ခဲ့သော အသုံးစရိတ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံအား လက်ရှိ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၁ဝ နှစ်တာ ကာလ အတွက် သုံးစွဲသွား မည်ဖြစ်ကြောင်း၊ နှစ်စီး စလုံးကို တစ်ပြိုင်တည်း ဝယ်ယူနိုင်ဖွယ် မရှိကြောင်း နှင့် ၄င်း စစ်သင်္ဘော ၂ စီးအား ၂ဝ၁၅ ခုနှစ်တွင် အနားပေးရန် စီစဉ်ထားသည့် HTMS Phutthayodfa Chulalok နှင့် HTMS Phutthalertla Napalai အမည်ရှိ အမေရိကန်လုပ် Knox အတန်းအစား ဖရီးဂိတ် စစ်သင်္ဘော များနေရာတွင် အစားထိုး သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် ရေတပ်သည် ဂျာမနီ နိုင်ငံလုပ် Bremen အတန်းအစား  F 122 ဖရီးဂိတ် စစ်သင်္ဘော တစ်စီးကို လည်း ဝယ်ယူရေး ထည့်သွင်း စဉ်းစား လျက်ရှိပါသည်။ လက်ရှိ အချိန်တွင် ထိုင်း ရေတပ်၌ တရုတ် နိုင်ငံလုပ် Type 053T"Jianghu" တစ်ပတ်ရစ် ဖရီးဂိတ် စစ်သင်္ဘော ၄ စီးရှိကြောင်း သိရှိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here