Thursday, September 20, 2012

“ လှိုင်သာယာရှိ အလှပြင်ဆိုင်တစ်ခုတွင် ယနေ့ နံနက်က မီးလောင်မှုဖြစ်”

0 comments
September 20,2012

ယနေ့စက်တင်ဘာ ၂၀ ရက်နံနက် ၁၁ နာရီခန့်က လှိုင်သာယာမြို့နယ်(ဂ)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ စည်ပင်ဆိုင်ခန်း အမှတ် ၂ တွင် ဖွင့်လှစ်ထားသော တိုနီလေးအလှပြင်ဆိုင်၌ မီးလောင်မှုတစ်ခ

ုဖြစ်ပွားခဲ့သည်။
မီးပူတိုက်နေစဉ် မီးပျက်သွားခဲ့ရာ မီးပလပ်အား မဖြုတ်မိဘဲထားခဲ့ပြီးနောက် မီးစက်နှိုး၍ လျှပ်စစ်မီးပြန်လည်အသုံးပြုစဉ်၌အပူလွန်ကဲ၍အ၀တ်အစားများ မီးကျွမ်းခဲ့ပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု လှိုင်သာယာ မီးသတ်မှတာဝန်ရှိသူက ဆိုသည်။
မီးလောင်မှုအား မီးသတ်ယာဉ် ၃စီးဖြင့် ငြိမ်းသတ်ခဲ့မှုကြောင့် စတင်ဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး အထပ်သားတစ်ချပ်၊မွှေ့ယာတစ်ခု၊ အ၀တ်အစားအချို့၊ နှင့် ကြမ်းခင်းအနည်းငယ် ပျက်ဆီးခဲ့ကြောင်း သိရပြီး လှိုင်သာယာရဲစခန်းမှ (ပ) ၉၆၂/၁၂ (ပုဒ်မ) ၂၈၅ မီးပေါ့ဆမှုဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။
 
Popular News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here