Wednesday, September 26, 2012

ရှမ်းသဘာဝအလှ ပန်းချီပြပွဲ ကျင်းပ

0 comments

ရှမ်းပြည်နယ် တောင်ပိုင်းမှ သဘာဝ အလှတရားများအား သရုပ်ဖော် ရေးဆွဲထားသည့် COLOUR OF SPACE ပန်းချီပြပွဲကို Myanmar Ink ပန်းချီပြခန်းတွင် စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက် အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်း ပန်းချီပြပွဲသည် ပန်းချီ ချမ်းငြိမ်းကျော် ၏ ၈ ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲ ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းရှိ
ရေ၊ မြေ၊ တော၊ တောင်သဘာဝ ရှုခင်းများ၊ ရှမ်း တိုင်းရင်းသား ကျေးရွာများအား သရုပ်ဖော် ရေးဆွဲထားသည့် အခရိုင်းလစ် ပန်းချီကား ၂၄ ကား ကို ပြသထားခြင်း ဖြစ်သည်။
”ဒီကားတွေက အင်းလေးမှာပြဖို့ အတွက် လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဆွဲခဲ့တာပါ။ အင်း လေးမှာ မပြခင် ရန်ကုန်မှာလည်း ပြချင်လာတဲ့ အတွက် ဒီမှာပြ ဖြစ်ခဲ့တာပါ” ဟု ပန်းချီ ချမ်းငြိမ်းကျော်က ပြောသည်။
ပန်းချီ ချမ်းငြိမ်းကျော်သည် ပြည်တွင်း ပန်းချီပြပွဲများ အပြင် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဟောင်ကောင် တို့တွင်လည်း ပန်းချီပြပွဲများ သွားရောက်ပြသခဲ့ ပြီးဖြစ်ကြောင်း၊ ၄င်း၏ အင်းလေး ပန်းချီ ပြပွဲကိုလည်း အင်းလေးကန်တွင်းရှိ ပန်းချီပြခန်း တစ်ခု၌ အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလကုန် အထိ သုံးလ တိုင် တိုင် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

ref;Popularmyanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here