Wednesday, September 26, 2012

ပြည်ထောင်စု လွှတ်တော် နာယကနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရှိ ရှင်းကျန့်၊ ရှောင်ကွမ်းနှင့် ကွမ်ကျိုးမြို့ များသို့ လေ့လာ

0 comments


(ပြည်ထောင်စု လွှတ်တော် နာယက နှင့်  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့် အဖွဲ့ဝင်များ ကွမ်ကျိုးမြို့ မီတာ ၆ဝဝ အမြင့်ရှိ သော ကွမ်ကျိုး မျှော်စင် အဆောက်အအုံ ပေါ်မှ မြို့ပြရှုခင်း အလှကို  ကြည့်ရှု လေ့လာကြစဉ်)

(နေပြည်တော်  စက်တင်ဘာ၂၅)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှင်း ကျန့်မြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စု လွှတ်တော် နာယက နှင့်  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သည် စက်တင် ဘာ ၂၂ ရက် နံနက်ပိုင်းက  တရုတ် နိုင်ငံပိုင် သတင်းဌာန များမှ တာဝန်ရှိသူ များအားWuzhou  Hall ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် ဆင်ဟွာ သတင်းဌာန၊ တရုတ် အပြည်ပြည် ဆိုင်ရာ အသံလွှင့်ဌာန (China  Radio  International) စသည့် သတင်း ဌာနများမှ သတင်းထောက် များအဓိက မေးမြန်း သိရှိလိုကြ သည့် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး ဆိုင်ရာများ၊ မြန်မာ နိုင်ငံတွင် တိုးတက် ပြောင်းလဲ ဖြစ်ပေါ် လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာများနှင့် ပိုမို ကောင်းမွန်လာမည့် အလားအလာ နှင့် အခွင့်အလမ်း ဆိုင်ရာများ၊ ယင်း အချက် များအပေါ်  တည်မှီ၍ မြန်မာ နိုင်ငံနှင့် ရှင်းကျန့် မြို့အကြား  ကူးသန်း ရောင်းဝယ်ရေး နယ်ပယ်တွင်  အပြန် အလှန်ကူးလူး ယှက်နွှယ် ပေါင်းစပ်ရေး ဆိုင်ရာများနှင့် တရုတ်- အာဆီယံ ဒေသ အတွင်းရှိ နိုင်ငံများ အကြား ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက် စေရန် ဘက်စုံ ကဏ္ဍစုံမှ အကောင် အထည်ဖော် ဆောင် ရွက်သွား နိုင်မည့် ကိစ္စရပ် ဆိုင်ရာများ အပေါ် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင် အောင်မြင့်က ကျယ်ကျယ် ပြန့်ပြန့် ပြန် လည်ဆွေးနွေး ဖြေကြား ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော် နာယကနှင့်  အဖွဲ့ဝင် များသည် ရှင်းကျန့်မြို့ လင်းဟောင်ရှန် ရင်ပြင်၌ ကျင်းပသည့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အခမ်းအနားသို့  တက်ရောက် ကြသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် နှင့်အဖွဲ့ဝင်များသည် ရှင်းကျန့် ပြတိုက် သို့ရောက် ရှိကြရာ တာဝန်ရှိသူ တို့က ရှင်းကျန့်မြို့၏ တစ်ဟုန်ထိုး ပြောင်းလဲ တိုးတက် အောင်မြင်လာမှု အခြေအနေ များ၊ မြို့တော်၏ အဓိက စီးပွားရေး လုပ်ငန်းရပ် များအပေါ် ရှင်းလင်း တင်ပြ ကြသည်။
မွန်းလွဲ ပိုင်းတွင် ပြည်ထောင်စု လွှတ်တော် နာယက နှင့် အဖွဲ့ဝင်များ သည် ရှင်းကျန့်မြို့မှ မြန်နှုန်းမြင့် ရထားဖြင့် ဆက်လက် ထွက်ခွာ လာကြရာ ညနေ ပိုင်းတွင် ရှောင်ကွမ်းမြို့သို့ ရောက်ရှိကြ သည်။
ပြည်ထောင်စု လွှတ်တော် နာယက နှင့် ကိုယ်စားလှယ် အဖွဲ့ဝင် များအား ညပိုင်းတွင် ရှောင်ကွမ်းမြို့ ပြည်သူ့ ကွန်ဂရက် ဥက္ကဋ္ဌ  ရှောင်ကွမ်း ကော်မတီ အတွင်း ရေးမှူး Mr.  Zheng  Zhentao  က ရှောင်ကျိုး ဟိုတယ်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်း က  ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် နှင့် အဖွဲ့ဝင် များသည် ရှောင်ကွမ်းမြို့ရှိ ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ်နယ်မြေ တစ်ရပ်ဖြစ်သည့် သန်းရှာ့ တောင်စဉ် တောင်တန်းများ တည်ရှိရာ Modern  Agriculture  Park သို့ သွား ရောက်၍ လှည့်လည် ကြည့်ရှု လေ့လာ ကြသည်။
ယင်းနောက်    ပြည်ထောင်စု လွှတ်တော် နာယက နှင့် အဖွဲ့ဝင်များ သည် ရှောင်ကွမ်းမြို့ရှိ Guangdong  Furan  Agricultural  Tech  Co., Ltd. သို့ရောက်ရှိကြရာ တာဝန်ရှိသူ များက ဆီထုတ်လုပ် နိုင်သည့် လက်ဖက် နှင့် အခြား ဆီထွက် သီးနှံများ စိုက်ပျိုး ထားရှိမှု အခြေအနေ၊ ဆီကြိတ်ထုတ် လုပ်မှုနှင့် ထုပ်ပိုးဖြန့်ဖြူး ရောင်းချမှု အခြေအနေ များအား လိုက်လံ ရှင်းလင်း ပြသကြသည်။
ညနေ ပိုင်းတွင် ပြည်ထောင်စု လွှတ်တော် နာယက နှင့် အဖွဲ့ဝင် များသည် ရှောင်ကွမ်းမြို့မှ မြန်နှုန်းမြင့် ရထားဖြင့် ဆက်လက် ထွက်ခွာ လာကြရာ ကွမ်ကျိုး မြို့သို့ ရောက်ရှိကြပြီး ညပိုင်းတွင် ကျူးကျန်း (ပုလဲ) မြစ် အတွင်း ရေယာဉ်ဖြင့် ကွမ်ကျိုးမြို့ ညရှုခင်းများကို လှည့်လည် ကြည့်ရှု လေ့လာ ခဲ့ကြသည်။
အလားတူ ပြည်ထောင်စု လွှတ်တော် နာယကနှင့်  အဖွဲ့ဝင် များသည် စက်တင်ဘာ ၂၄ ရက် နံနက် ပိုင်းက ကွမ်ကျိုးမြို့ ၏  မီတာ  ၆ဝဝ အမြင့်ရှိ သော ကွမ်ကျိုး မျှော်စင် အဆောက် အအုံသို့ သွားရောက် ကြည့်ရှု လေ့လာ ကြသည်။
ထိုမှတစ်ဆင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ကွမ်တုံးပြည်နယ် နေရာ အနှံ့တွင်ရှိ ကြသည့် ချန်းမျိုးနွယ်စုဝင်  များ စုပေါင်း တည်ဆောက် ထားသည့် Chan မျိုးနွယ်စု နေအိမ် ပြတိုက်သို့ သွားရောက် ကြည့်ရှု လေ့လာကြသည်။
မွန်းလွဲ ပိုင်းတွင် တုံးဖန်း ဟိုတယ် ဧည့်ခန်းမ၌ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် အား ကွမ်တုံး ပြည်နယ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ Mr.  Ou  Guangyuan နှင့် အဖွဲ့ဝင် များက လာရောက် တွေ့ဆုံ ကြသည်။  
ယင်းသို့ တွေ့ဆုံရာတွင် ကွမ်တုံး ပြည်နယ်နှင့်  မြန်မာနိုင်ငံ လွှတ်တော် နှစ်ရပ်အကြား အပြန်အလှန် ပေါင်းကူး ဆက်သွယ် ဆက်ဆံမှု ထူထောင်ရေး ကိစ္စ ရပ်များ၊ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး၊ သတ္တု တူးဖော်ရေး နှင့် ခရီး သွားလာရေး ဆိုင်ရာ လုပ်ငန်းများ၌ ကဏ္ဍ အလိုက် ပူးပေါင်း ဆောင်ရွက် သွားနိုင်ရေး ဆိုင်ရာများ နှင့် စီးပွားရေး၊ ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ အပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။
ယင်းနောက် ပြည်ထောင်စု လွှတ်တော် နာယကနှင့်  အဖွဲ့ဝင်များ သည်   ကွမ်တုံးပြည်နယ်  ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ Mr. Ou Guangyuan က တုံးဖန်း ဟိုတယ်၌ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု နေ့လယ် စာစားပွဲသို့ တက်ရောက် ကြသည်။ ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့ဝင်များ သည် ကွမ်ကျိုးမြို့ ပိုင်ယွင် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြပြီး မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ သို့ ပြန်လည် ထွက်ခွာ ခဲ့ကြသည်။
ref: MWD

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here