Sunday, September 23, 2012
0 comments

ထိုင်း-မြန်မာ နယ်စပ် တစ်နေရာ၌ မူးယစ်ဆေးဝါး အနည်းအငယ်နှင့် လက်နက်(၁)လက် ကျည်(၁၉)တောင့် ဖမ်းဆီးရမိ



၂၀၁၂ခုနှစ် စက်တင်ဘာ(၂၁)ရက်နေ့ (၀၁း၁၀)နာရီမှာ ထိုင်းနိုင်ငံ နယ်စပ် အထူးဒေသ(၃) မူးယစ်ဆေးဝါးနှိမ်နင်းရေး (၃၂၇)အဖွဲ့ နဲ့ ဖာမိန်းတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ချင်းရိုင်းခရိုင် မယ်ဖာလုံမြို့ ထိပ်ရှိ ထိုင်းရပ်ကွက် နယ်စပ်တစ်လျှောက် ကင်းပတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ ကင်းပတ်စစ်ဆေးနေစဉ်မှာ တောအုပ်ထဲ၌ လူတစ်ဦးကိုတွေ့ရှိရပြီး ထိုလူမှာ မူးယစ်ဆေးဝါးသုံးစွဲထား၍ ဆေးမူးနေဟန်ရှိသည့်အပြင် လက်နက်တစ်လက်ပါလာသည်ကို တွေ့ရှိရကာ ထိုင်းရဲများက ၀င်ဖမ်းချုပ်နေစဉ် ထိုလူမှာ ရုန်းကန်တိုက်ခိုက်ရန်ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရတယ်။

ဖမ်းဆီးခံရသူမှာ အသက်(၄၉)နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး ၎င်း၏အမည်မှာ ဦးကျလကျဝ ဖြစ်ပါတယ်။  ၎င်းအား စစ်ဆေးရှာဖွေရာ AK-47 သေနတ်တစ်လက်နဲ့ ကျည် (၁၉) တောင့် အပြင် စိတ်ကြွဆေးပြား (၂)လုံး ဘိန်းဖြူ (၀.၂)ဂရမ် ကို တွေ့ရှိရ၍  တရားခံဟု သတ်မှတ်ထားသူအား မယ်ဖာ့လုံ ရဲစခန်းသို့ တဆင့်လွှဲအပ်ပေးလိုက်တယ်လို့ ထိုင်းအွန်လိုင်းသတင်းဌာန တစ်ခုမှာဖော်ပြထားပါတယ်။။
ref: တာချီလိတ်အွန်လိုင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here