Monday, November 26, 2012

ရှမ်းပြည်နယ်မှ အဖွဲ့အစည်းအသီးသီး၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ဖွင့်ပွဲပြုလုပ်

0 comments
နိုဝင်ဘာ(၂၆)

ယခင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့ ဓာတ်ပုံ
ရှမ်းပြည်နယ်မှ အဖွဲ့အစည်း အသီးသီး ပါဝင်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲအခမ်းအနား ဖွင့်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
ရှမ်းတိုင်းရင်းသားမျာ၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ အခမ်းအနား ဖွင့်ပွဲတွင် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၊ နိုင်ငံတော်မ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ SNLD ၏ ပညာရေးအတိုင်ပင်ခံ ရှယ်လီနန်းဟွမ်လိတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ တွဲဖက်အတွင်းရေးမှူး စိုင်းမောင်တင်၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ၏ အထွေထွေအတွင်းရေးမှူး ဦးစောဝင်းထွန်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) ၏ နာယက ဦးစဝ်ဆေထင်၊ ရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ (RCSS/ SSA) ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညှိုနှိုင်းဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် စဝ်ပေါင်ခေး ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် ရှမ်းပြည်နယ်အရှေ့ပိုင်း (NDAA) ရှမ်းပြည် အထူးဒေသ ၄ အထွေထွေ အတွင်းရေးမှူး နန်စိုင်စံ တို့က အမြင်သဘောထားများ ပြောကြားခဲ့ကြသည်။
ယခုဆွေးနွေးပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ရန် စီစဉ်ထားသော်လည်း တက်ရောက်ခြင်း မရှိခဲ့ပေ။ ထို့အပြင် ဆွေးနွေးပွဲ မတိုင်မီက ယခုဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ၏ ညီလာခံဟု ပြောဆိုမှုရှိခဲ့သော်လည်း ဆွေးနွေးပွဲဖွင့်ပွဲတွင် ယင်းစကားရပ်အား သုံးစွဲခြင်းမပြုခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲဟုသာ သုံးစွဲခဲ့ပါသည်။ သို့သော် ယခုဆွေးနွေးပွဲသည် ရှမ်းပြည်နယ်မှ ပညာရှင်များ ၊အဖွဲ့အစည်းများ ၊ လက်နက်ကိုင် အဖွဲ့အစည်း များ၊ ဆွေးနွေးမည့် ဖိုရမ်အသွင်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၆၊ ၂၇ ၊ ၂၈ ရက်နေ့များအထိ ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲ ဖွင့်ပွဲကိုသာ မီဒီယာများအား တက်ရောက်သတင်းယူခွင့် ပြုခဲ့သည်။ ဆွေးနွေးပွဲ ကာလအတွင်း မီဒီယာများအား သတင်းယူခွင့် ခွင့်ပြုပေးမထားဘဲ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆွေးနွေးပွဲနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
 Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here