Thursday, November 29, 2012

လူကိုရိုက်ပြီး ကုမ္ပဏီပိုင်ငွေယူ

0 comments
နိုဝင်ဘာ(၂၉)

Photo: လူကိုရိုက်ပြီး ကုမ္ပဏီပိုင်ငွေယူ Thursday, 29 November 2012  ၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နေ ဦးအေးမင်းထွန်း (၃၆)နှစ်သည် ကုမ္ပဏီရုံးချုပ်တွင်ရှိနေစဉ် တာဝန်ခံ ဦးအေးမင်းမှ ရုံးရှိ အရောင်းစာရေး ကိုထွန်းထွန်းနိုင်အား အမည်မသိ    လူ ၄ ဦးက ရိုက်နှက်ကာ ဂျပ်ဖာဖြင့်ထည့်ထားသော ကုမ္ပဏီပိုင်ငွေကျပ် (၆၅ဝ)သိန်းအား ယူဆောင်သွားကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။   ကိုထွန်းထွန်းနိုင်တွင် ဦးခေါင်း၌ ဒဏ်ရာ ၁ ချက်၊ ယာဘက်နဖူး လက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ လက်မဝက်ခန့်ဖူးရောင် ညိုမဲဒဏ်ရာ ၁ ချက် ရရှိထားပြီး မေးမြန်းခဲ့ရာ ၁၂၁၅ အချိန် ရုံးခန်းအတွင်း တစ်ဦးတည်းရှိနေစဉ် ဆိုင်ကယ်(၂)စီးဖြင့် လူ ၄ ဦးရောက်ရှိ လာကြောင်း၊ ၂ ဦးမှာ နှာခေါင်းစည်းဖုန်းကာ အနက်စွပ်ထားကြောင်း၊ ၁ ဦးက ချုပ်ကိုင်ပြီး ဓါးဖြင့်ထောက်၍ ကျန် ၁ ဦးက ရေနွေးဓါတ်ဗူးဖြင့် ရိုက်ကာ ချုပ်ထားသူက တွန်းလှဲခဲ့၍ သတိမေ့သွားကြောင်း၊ သတိပြန်ရချိန်တွင် အိမ်ခန်းအတွင်းရှိ ငွေကျပ် (၆၅ဝ)သိန်း ပျောက်ဆုံးနေကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သော ကြောင့် ဖားကန့်ရဲစခန်း (ပ) ၂ဝ၄/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။  Myanmar Police Force
၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နေ ဦးအေးမင်းထွန်း (၃၆)နှစ်သည် ကုမ္ပဏီရုံးချုပ်တွင်ရှိနေစဉ် တာဝန်ခံဦးအေးမင်းမှ ရုံးရှိ အရောင်းစာရေး ကိုထွန်းထွန်းနိုင်အားအမည်မသိ လူ ၄ ဦးက ရိုက်နှက်ကာ ဂျပ်ဖာဖြင့် ထည့်ထားသော ကုမ္ပဏီပိုင်ငွေကျပ် (၆၅ဝ)သိန်းအား ယူဆောင် သွားကြောင်း  ဖုန်းဖြင့် အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။ 

ကိုထွန်းထွန်းနိုင်တွင် ဦးခေါင်း၌ ဒဏ်ရာ ၁ ချက်၊ ယာဘက်နဖူးလက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ လက်မဝက်ခန့်ဖူးရောင်ညိုမဲဒဏ်ရာ ၁ ချက် ရရှိထားပြီး မေးမြန်းခဲ့ရာ ၁၂၁၅ အချိန် ရုံးခန်းအတွင်း တစ်ဦးတည်းရှိနေစဉ် ဆိုင်ကယ်(၂)စီးဖြင့် လူ ၄ ဦးရောက်ရှိ လာကြောင်း၊ ၂ ဦးမှာ နှာခေါင်းစည်းဖုန်းကာ အနက်စွပ်ထားကြောင်း၊ ၁ ဦးက ချုပ်ကိုင်ပြီး ဓါးဖြင့်ထောက်၍ ကျန် ၁ ဦးက ရေနွေးဓါတ်ဗူးဖြင့် ရိုက်ကာ ချုပ်ထားသူက တွန်းလှဲခဲ့၍ သတိမေ့သွားကြောင်း၊ သတိပြန်ရချိန်တွင် အိမ်ခန်းအတွင်းရှိငွေကျပ် (၆၅ဝ)သိန်း ပျောက်ဆုံးနေကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သော ကြောင့် ဖားကန့်ရဲစခန်း (ပ) ၂ဝ၄/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here