လိင်ပညာပေး မဂ္ဂဇင်း လာမယ့် အင်္ဂါနေ့ ထွက်မယ် လို့ ဆိုတယ်။ပညာပေး ဆိုတော့လည်း ပညာပေးတာတွေ ပါမယ် လို့ မျှော် လင့်ရပါတယ်။
![]() |
ကြော်ငြာခနှုန်းထားများ |
ကြော်ငြာခနှုန်းထားတွေ ဖော်ပြထားတာလည်း တွေ့ရမှာပါ။မဂ္ဂဇင်း တကယ်ထွက်ပြီ ဆိုရင် ပါဝင် တဲ့ ကြော်ငြာတွေကိုကြည့်ပြီး ၀င်ငွေ ဘယ်လောက်ရမလဲ ဆိုတာကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
![]() |
မျက်နှာဖုံးဟု ယူဆရ |
လိင်ပညာပေး မဂ္ဂဇင်း ဆိုတာ အရင်တုန်းက မြန်မာပြည်မှာ မရှိခဲ့ဖူးတဲ့ မဂ္ဂဇင်းစာစောင်အမျိုးအစား ဖြစ်ပါတယ်။ အရွယ် မရောက်သေး သူ မဖတ်ရ တဲ့။ အသက် ဘယ်လောက် ရှိမှ ဖတ်သင့်ကြောင်း ရှင်းရှင်းရေးထားရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်။
အရွယ်လွန်သူများ မကြည့်ရလို့လည်း ဆိုထားပြန်တော့ - တကယ်ထွက်မယ့်မဂ္ဂဇင်းမှဟုတ်ရဲ့လားလို့ တွေးမိကြမှာပါ။
တကယ်ထွက်မယ့် မဂ္ဂဇင်းကို ကြော်ငြာထားတာလား၊ နောက်ပြောင်ထားတာလား မသိရပါ။ Facebook မှာ လက်ဆင့် ကမ်းနေတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။
ဧရာဝတီဘလော့