Friday, November 16, 2012

မီးပုံပျံ ပြုလုပ်နေစဉ် မီးလောင်မှုဖြစ်ပွား၍ လူ(၃)ဦးသေဆုံး

0 comments


တောင်ကြီး  နိုဝင်ဘာ ၁၆
          တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံပျံကို ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ပြုလုပ်ပြီး အပြိုင်အဆိုင် လွှတ်တင်လျက်ရှိရာ တောင်ကြီးမြို့တွင် တန်ဆောင်တိုင် ပွဲတော်အတွက် မီးပုံပျံများကို နိုဝင်ဘာလ အစပိုင်းက စတင်ပြီး အဖွဲ့လိုက် ပြုလုပ်ခဲ့ကြပါတယ်။


          သစ်တောရပ်ကွက်၊ နယ်မြေ(၄)ကမ္ဘောဇလမ်း၊ တွင် ``စေတန်မီး`` အဖွဲ့သားတွေဦးစီးပြီး မီးပုံပျံ ပြုလုပ်နေစဉ်မှာ လျှပ်စစ်မီးမှတစ်ဆင့် ၀ါယာရှော့ခ်ဖြစ်ကာ ယမ်းများပေါ်သို့   ပြုတ်ကျ   လောင်ကျွမ်းခဲ့ခြင်း ဖြစ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် မွန်းစံသည်   နိုဝင်ဘာ(၁၁)ရက်နေ့တွင် လည်းကောင်း၊ စန်းဝေလင်း နှင့် ရေခဲတို့သည် နိုဝင်ဘာ(၁၅)ရက်နေ့ တွင်လည်းကောင်း   သေဆုံးသွားခဲ့ကြောင်း  သိရှိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here