Monday, November 19, 2012

သွေးနဲ့တည်ဆောက်ထားသောတံတား

0 comments
နိုဝင်ဘာ(၁၉)


ပုံမှာ မြင်တွေ့နေရတဲ့ တံတားကတော့ San Juanico အမည်ရ တံတား ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့  အရှည်ဆုံး နဲ့ အလှဆုံး တံတားလို့ အသတ်မှတ် ခံထားရပါတယ်။ သို့ပေမယ့် ယင်း တံတားရဲ့  နောက်ခံ သမိုင်း ကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။ 

၁၉၆၉ ခုနှစ်က စဆောက်ပြီး ၁၉၇၃ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ Samar အမည်ရကျွန်းနဲ့ Leyte ကျွန်း နှစ်ခု အကြား ဆက်သွယ်တဲ့ တံတား ဖြစ်ပြီး ၁.၃၄ မိုင်ရှည်လျား ပါတယ်။ အမြင့်ကတော့ ၁၃၅ ပေ ရှိပါတယ်။ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၁.၉ သန်း ရှိပြီး ဂျပန်နဲ့ ဖက်ဆက် တည်ဆောက် ထားတာ ဖြစ်ပါတယ်။ 

ကျွန်းနှစ်ကျွန်းကြားကို ဆက်သွယ်ဖို့ ရေအတိမ်ဆုံး လမ်းကို ရွေးချယ်ပေ မယ့် ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ ရာသီဥတုဒဏ် ဆိုးရွား မှုကြောင့်ရော၊ ပင်လယ်ရေလှိုင်းကြီးမှုတွေကြောင့် တံတား တည်ဆောက်ခြင်း နှောင့်နှေးခဲ့ရ ပါတယ်။ ဒါကြောင့် ရိုးရာဓလေ့ အစွဲအလမ်း ကြီးခဲ့တဲ့ တံတားတည်ဆောက်ရေး အင်ဂျင်နေယာ ချုပ် ကြောင့် အောက်လမ်းဆရာများနဲ့ တိုင်ပင်ရာ တံတားကို ဆောက် ရန် သွေးလိုအပ်နေကြောင်း ဆိုပါတယ်။ 

Samar နဲ့ Leyte ကျွန်းများပေါ်က လေလွင့် ကလေးငယ်များကို လိုက်ခံ ဖမ်းဆီးပြီး ကွန်ကရစ်လောင်းတဲ့အထဲမှာ အစိမ်းလိုက် ထည့်ခဲ့ကြပါတယ်။ အချို့ နေရာမှာတော့ ဦးခေါင်းဖြတ် ထွက်လာတဲ့ သွေးကို စုပြီး ဖောင်ဒေး ရှင်း တွေမှာ ထည့်သုံးပါတယ်။ တစ်ခါတစ်ရံ လူသေ အလောင်းများ ရေထဲ မှာ မျောပါနေတာကိုလည်း အနီးဝန်းကျင် တံငှာသည် တို့ တွေ့ခဲ့ကြပါတယ်။ 

အမှန်တော့ ယင်းကဲ့သို့ ပြုလုပ်ခြင်းဟာ တရားမဝင်ပေမယ့် ဒီအတွက် တားဆီးတဲ့သူ မရှိခဲ့ပါဘူး။ ကလေးငယ်များ သတ်ဖြတ်ခြင်းကိုလည်း တိတ်တဆိတ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့်ပဲ အင်မတန် လှပနေတဲ့ San Juanico တံတားကို သွေးနှင့် ဆောက်သော တံတား၊ ဝိဥာဉ်တို့ စောင့်ရှောက်သော တံတား အဖြစ် အမည်တွင် စေခဲ့ပါတယ်။


ကိုးဒီသွေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here