Friday, December 14, 2012

အမျိုးသမီးများအရေး စာရေး ဆရာမ ၂ ဦး တောင်ကြီးမှာ ဆွေးနွေး

0 comments
ဒီဇင်ဘာ(၁၄)


အမျိုးသမီး စာရေးဆရာမ ၂ ဦး တောင်ကြီးမြို့သို့ ရောက်လာပြီး အမျိုးသမီးရေးရာများ ကို ဆွေးနွေး ခဲ့ကြ သည်။ 

ဒီဇင်ဘာ ၆ရက်နေ့က ဒေသခံအမျိုးသမီးများနှင့် တောင်ကြီးမြို့ ၊ ရှမ်းစာပေယဉ်ကျေးမှု အသင်း ခန်းမ တွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 
စာရေးဆရာမ မသီတာက ကမ္ဘာပေါ်တွင် အမျိုးသမီးများ နှင့် ပတ်သတ်ပြီး အကာအကွယ်ပေး ပုံ၊ ဥပဒေ အတိုင်းအတာများ ထားရှိထားပုံ၊ လိင်ကျွန်ပြုခံရဖို့ အမျိုးသမီးများ ရောင်းစား ခံနေရပုံ ၊အမျိုးသားနှင့် အမျိုး သမီးများ ခွဲခြားဆက်ဆံခြင်းခံရမှု ၊ အကြမ်းဖက်ခံရမှု ၊ ကမ္ဘာ့ အမျိုးသမီး အကြမ်းဖက်ခံရမှု ရပ်တန့်ရေးနေ့ ဖဲကြိုးဖြူနေ့ ပေါ်ပေါက်လာပုံတို့ကို ဆွေးနွေးပြီး စိတ်ဝင်စားစွာတက်ရောက်လာသည့် အမျိုးသမီးများ ၊အမျိုးသားများ မေးမြန်းမှုကို ဆွေးနွေး သည်။ 


စာရေးဆရာမ မခင်သန္တာ က အမျိုးသမီးခွဲခြားဆက်ဆံခံရမှုနှင့် ယင်း၏လူနေမှုဘ၀ အခြေ အနေတို့ ကို ဒေသခံများအား ပြောဆိုဆွေးနွေးခဲ့သည်။ 


ဒီဇင်ဘာလ၆ရက်နေ့နံနက်ပိုင်းတွင်ဖဲကြိုးဖြူနေ့အခမ်းအနားကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံတော်
၏ ပထမဦးဆုံး သမ္မတကြီး စ၀်ရွှေသိုက်၏ သမီး ဒေါ်ဟေမာသိုက်၊ ဗဟုဖွံ့ဖြိုးရေး အဖွဲ့မှ ကိုအောင်သူငြိမ်း၊ ရှမ်းပြည် မျိုးဆက်အင်အားစုအဖွဲ့မှ မသန္တာ တို့က အမျိုးသမီး အခန်းကဏ္ဍ၊ ဖဲကြိုးဖြူုနေ့ ဖြစ်ပေါ်လာပုံ သမိုင်း၊တို့ကို ပြောဆိုဆွေးနွေးခဲ့ကြောင်းပွဲစီစဉ်သူရှမ်းပြည်မျိုးဆက် အင်အားစုမှ မသန္တာ က ပြော သည်။
  
ဧရာဝတီဘလော့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here