Thursday, January 10, 2013

မြောက်ကိုရီးယားရောက် ဂူဂဲလ် ဥက္ကဋ္ဌ

0 comments
ဂူဂဲလ်ကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်စမစ် (Eric Schmidt) နှင့် ယခင် နယူးမက္ကဆီကို ပြည်နယ်အကြီးအကဲ ဘီလ်ရစ်ချပ်ဆန် တို့ဦးဆောင်တဲ့ အဖွဲ့ဝင်ကိုးဦးအဖွဲ့ ဟာ မြောက်ကိုရီးယားကို လေးရက်ကြာခရီး အဖြစ် ရောက်ရှိနေပါတယ်။ ခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယား ပြည်သူတွေကို လွတ်လပ်စွာ အင်တာနက် သုံးစွဲခွင့်ပေးဖို့ ဂူဂဲလ်အုပ်စု က မြောက်ကိုရီးယားအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ထို့အပြင် နုကလီယားလက်နက်စမ်းသပ်မှုကို ရပ်ဆိုင်းပေးဖို့နဲ့ အဖမ်းခံရထားတဲ့ အမေရိကန်နိုင်ငံသား တဦးကို တရားမျှတစွာ ဆောင်ရွက်ပေးဖို့ ရစ်ချပ်ဆန်က တောင်းဆိုခဲ့ပါတယ်။ အဲရစ်စမစ်ရဲ့ မြောက်ကိုရီးယားခရီးစဉ်က လူအများကို အံ့အားသင့်စေခဲ့ပြီး အထူးသဖြင့် မကြာခင်ကမှ ဒုံးကျည်စမ်းသပ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယား ဆီကို သွားလည်ပတ်ဖို့ သင့်လျော်တဲ့အချိန် မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ယူဆပါတယ်။ ဒါပေမဲ့ အဲရစ်စမစ်ရဲ့ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက် က အင်တာနက် လွတ်လပ်ခွင့် အဓိကဖြစ်ကြောင်း ထင်ရှားနေလို့ အဓိပ္ပါယ်ရှိပါတယ်။ သူဟာ အင်တာနက်လွတ်လပ်ခွင့် ကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့သူ ဖြစ်ပြီး လာမဲ့ ဧပြီလမှာ သူရေးသားတဲ့ "The New Digital Age: Reshaping the Future of People, Nations and Business" စာအုပ်လည်း ထွက်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
myanmar 1

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here