Sunday, January 27, 2013

ရှမ်းလူမျိုးများအပေါ် ကေအိုင်အေ အဖွဲ့၏လူမျိုးရေး ခွဲခြားဖိနှိပ်မှုများ

0 comments
ဇန်န၀ါရီ(၂၇)


ကချင်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံရဲ့ထူးခြားတဲ့ ၀ိသေသ တွေအရ ကချင်ပြည်နယ်ရယ်လို့ နာမည်တပ် ထားပေမယ့် ကချင်လူမျိုးတွေ ပဲ နေထိုင် တာမဟုတ်ပါဘူး။ တိုင်းရင်းသား လူမျိုးတွေ စုပေါင်းပြီးနေ ထိုင်နေ ကြ တာ ဖြစ်ပါတယ်။ ကချင်လူမျိုး ထဲမှာပဲ ကချင်၊ ရ၀မ်၊ လီဆူး၊ ဂျိမ်းဖော၊ လချိတ် စသဖြင့် ရှိပါသေး တယ်။ ဒါပေမယ့် KIA တို့အနေနဲ့ ကချင်ပြည်နယ် အတွင်းမှာ လူမျိုးရေးခွဲခြား မှုရှိနေပြီး ကချင်မှ လွှဲ၍ အခြားလူမျိုးများ အပေါ် လက်နက်အား ကိုး နိုင့်ထက် စီးနင်း ပြုမူလျက် ရှိပါတယ်။

ကချင်လူမျိုးKIA တို့ဟာ ကချင် လူမျိုးထဲမှာမှ ဂျိမ်းဖော လူမျိုးကြီး ၀ါဒကိုစွဲကိုင် ထားပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ် အတွင်းနေထိုင် လျက်ရှိသော ရှမ်းလူမျိုးစုများ အပေါ်တွင် သိသာ ထင်ရှားစွာ ခွဲခြား ဖိနှိပ် မှုများ ရှိနေပါတယ်။ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုတွေက တိုးတက်နေတဲ့ Globalization ခေတ်မှာ မရှိသင့်တော့ပါဘူး။ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်အနေနဲ့ အေပြီလ ၉ရက်နေ့မှာ တရုတ်နိုင်ငံမှာရှိတဲ့ ကချင်လူမျိုး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့တွေ့တဲ့ အခါမှာလည်း “KIAရုံးသုံးစာနှင့် စကားအား ဂျိန်းဖောဘာသာ တစ်ခုတည်းသာသုံးရန်၊ အဖွဲ့အစည်း အတွင်း ရောက်ရှိလာသော အခြား လူမျိုးစု များကိုလည်း ဂျိန်းဖော အမည်ပြောင်းလဲပေးရန် သတ်မှတ်မယ်” လို့ပြောဆိုခဲ့တာကြောင့် ဇိုက်ဝါး၊   လော်ဝေါ်၊ လချိတ်၊ လီဆူး၊ ရ၀မ် လူမျိုးစုများအတွင်း စိတ်ဝမ်းကွဲလျက်ရှိနေပါတယ်။

KIA တပ်ဖွဲ့မှာလည်း အရေးကြီးနေရာများကိုတာဝန်ပေးအပ်ရာမှာ ဂျိန်းဖောမျိုးနွယ်စု များကို သာနေ ရာပေးပြီး ကျန်လူမျိုးတွေဖြစ်တဲ့ရှမ်း၊ ဗမာ၊ ရခိုင်စတဲ့ KIAတပ်ဖွဲ့ဝင်တွေ ကတော့ တိုက်ပွဲများမှာပဲ အသေခံ တိုက်ခိုက် ခဲ့ရပါတယ်။ KIAရဲ့ပင်ပန်းဆင်းရဲမှု၊ ငတ်ပြတ်မှု၊ မိသားစု တကွဲတပြားနေ ရတာတွေကို မခံစားချင်လို့ ထွက်ပြေးတဲ့ တပ်ဖွဲ့ဝင်တွေ ကိုလည်း ရှမ်း လူမျိုးတွေဆိုပြီး လူမျိုးရေးခွဲခြားသတ်ဖြတ်မှုတွေရှိနေပါတယ်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ(၃၀)ရက်နေ့မှာ ၀ိုင်းမော်မြို့နယ်၊ တာလောကြီးကျေးရွာ ကိုလည်း အစိုးရတပ်တွေရှိ နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ KIA တပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့သည့် အတွက် ရှမ်းလူမျိုးတွေ အများအပြား သေဆုံးခဲ့ ရပါတယ်။ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ ၁၉၉၀ပြည့်နှစ်၊ ဒီဇင်ဘာ(၂၂) ရက်နေ့က စပေါ့မှော် လူသတ်မှု ဆိုတာကလည်း ရှမ်းလူမျိုးတွေအပေါ် ရက်စက်စွာပြုမူ ခဲ့သော KIA ၏လုပ်ရပ်ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်ဟာ ရှမ်းလူမျိုးတွေရဲ့ စိတ်ထဲမှာ ဘယ်လိုမှမေ့မရနိုင်တဲ့ KIA တို့ရဲ့ ရက်စက်မှုတွေထဲက အရက်စက်ဆုံး လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် အောက်တို ဘာလ ၁၀ ရက်နေ့က ဆင်ဘိုမြို့ အနောက်မြောက် ဘက် ၅ မိုင်လောက်ဝေးတဲ့ နတ်ထုတ် လယ်ကွင်းမှာ လယ်လုပ်နေတဲ့ ရှမ်းလူ မျိုး(၂၈)ဦးကို KIA တပ်ရင်း ၅ က ၀ဒူ စခန်းဘက်ကို အတင်း အဓ္ဓမ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ ကချင်ပြည်နယ်အတွင်း မိုးညှင်း၊မိုးကောင်း၊ ဗန်းမော်၊ ဖားကန့် နှင့်သံလမ်းရိုး တစ်လျောက်မြို့၊ ရွာတွေဟာ ရှမ်းလူမျိုးတွေ အများစုနေထိုင်ရာ ဒေသတွေဖြစ်ပါတယ်။ အဲ့ဒီဒေသမှာရှိတဲ့ ရှမ်း လူမျိုး တွေ ဟာ KIAရဲ့လူသစ်စုဆောင်းမှု၊ ဆက်ကြေး တောင်းခံမှု တောင်ယာလုပ် ကိုင်ခွင့် ကန့်သတ်ပိတ်ပင်မှုများ အများဆုံးခံနေကြရပါတယ်။ 


ဒါ့ကြောင့် KIA တပ်ဖွဲ့အတွင်းရှိနေတဲ့ ရှမ်းလူမျိုး များဟာ လူမျိုးခွဲခြားဖိနှိပ်မှု ပိုမိုဆိုးရွားစွာ ခံနေရသလို၊ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ မှာလည်း ကျဆုံးမှုများလာခြင်း၊ ရိက္ခာဆေးဝါးပြည့်စုံစွာမရခြင်း၊ အနေဆင်းရဲ အစားဆင်းရဲပြီး ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်လာခြင်း၊ မိုင်းစစ်ဆင်ရေး ဆင်နွှဲခိုင်းရာမှာ မိမိမိုင်းနှင့် မိမိသေဆုံး ဒဏ်ရာရမှု တွေများလာ တာတွေကြောင့် ရှမ်းလူမျိုး အများစုပါဝင်တဲ့ တပ်ဖွဲ့ဝင်(၄၂)ဦးဟာ ဧပြီလ(၁၇)ရက်နေ့တွင် အစိုးရ တပ်ဖွဲ့ထံလက်နက်များနှင့်အတူ အလင်းဝင်ခဲ့ပါတယ်။

အဲ့ဒီလိုအလင်းဝင်မှုကြောင့် ဗန်းမော် ၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ သံလမ်းရိုး တစ်လျောက် မှာ ရှိတဲ့ မြို့၊ရွာတွေကို KIA တို့အနေနဲ့ လက်နက် အားကိုးပြီး အနိုင်ကျင့် သတ်ဖြတ်မှုတွေ လုပ်လာ မှာကိုတိုင်းရင်းသား တွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် KIAအဖွဲ့အတွင်းမှာ ကျန်ခဲ့ တဲ့ ရှမ်းတိုင်းရင်းသား တပ်ဖွဲ့ဝင်တွေ အတွက်လည်း ဒီလိုအလင်း ၀င် မှုကြောင့် အတင်းအကျပ် ထိန်းချုပ်မှုတွေ ခံရနိုင်တယ်လို့ တရုတ်မြန်မာ နယ်စပ်မှာရှိတဲ့ နိုင်ငံရေး အကဲခတ် တွေ ကပြောဆိုနေ ပါတယ်။ အရင် ကတည်းက KIA အနေနဲ့ ရှမ်းလူမျိုးတွေ အပေါ် ယုံကြည်မှုမရှိခဲ့ တာကြောင့် KIA အဖွဲ့ အတွင်းက ရှမ်းလူမျိုး တပ်ဖွဲ့ ၀င်တွေကို ပိုပြီးတော့ တင်းကျပ် စောင့်ကြည့်မှုတွေရှိလာနိုင်ပါတယ်။
KIA ကအတင်းစုထားတဲ့ ရှမ်း၊ ဗမာ၊ ရခိုင်လူမျိုးတွေ အတွက်လည်း ကျန်ခဲ့တဲ့ မိသားစုတွေက စိုးရိမ်ပူပန်မှုတွေဖြစ်နေပါတယ်။ 

KIA ခေါင်းဆောင်တွေကလည်း ရှမ်းလူမျိုးတွေကို အကောင်းမမြင် အမြင်စောင်း နေတာကလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီးဆိုးရွားလာပါတယ်။ ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းလူမျိုး (၃)သိန်းကျော်နဲ့ ကချင်လူမျိုး တို့ အကြား KIA ရဲ့ လူမျိုးရေးခွဲခြား ဆက်ဆံ မှုတွေကြောင့် ပဋိပက္ခဖြစ်လာရင် ကချင်ပြည် နယ် အတွက် သမိုင်းအမဲ စက်ဖြစ်သွား ပါလိမ့်မယ်။ ကချင်ပြည်နယ်က ရှမ်းလူမျိုးနဲ့ ကချင်လူမျိုးတို့ အကြား ပြဿ နာ တွေ ဖြစ်ပွားလာမယ်ဆိုရင် ကချင် ပြည်နယ် သမိုင်းအတွက် မကောင်းသ လို ငြိမ်းချမ်းရေး လိုလားတဲ့ ကချင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစုတွေအတွက် ရင်ကွဲစရာ အဖြစ် ဆိုးတွေကြုံတွေ့မှာ ကိုလည်း နိုင်ငံရေးအကဲခတ်တွေက စိုးရိမ် ပူပန်လျက်ရှိပါတယ်။


From:Myanmar Daily Star Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here