Monday, January 14, 2013

ဖားကန့်မြို့ ၊ မှော်ဆီဇာ မြေစာပုံ လမ်းဘေးတွင် လူတစ်ဦး မိုင်းနင်းမိ

0 comments


ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မှော်ဆီဇာ မြေစာပုံ ကျောက်စိမ်းတောင် ကုမ္ပဏီသွားရာ လမ်းဘေးတွင် ဇန်န၀ါရီလ (၁၃) ရက်၊ ည (၇း၀၀) နာရီခန့် အချိန်တွင် လူတစ်ဦး မိုင်းနင်းမှု ဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်းမိသူ ဇော်ဇော်ဌေး
မှာ ညာဘက်ခြေထောက်နှင့် လက်နှစ်ဖက်စလုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ဖားကန့်ဆေးရုံ ကြီးတွင် အရေးပေါ် သွေးသွင်းနေရကြောင်း သိရှိရသည်။

''အခုမိုင်းနင်းမိတဲ့လူက ချမ်းသာတဲ့ ကျောက်လုပ်ငန်းရှင် လူငယ်တစ်ဦးပါ။ အလုပ်ပြန်လာတုန်း လမ်းဘေးမှာ အပေါ့စွန့်ရင်း မိုင်းထိမိတာပါ။ ဘယ်ဘက်က ထောင်ထားတဲ့ မိုင်းမှန်း မသိပါဘူး။ တပည့်တွေနဲ့ ဆွေမျိုးတွေ အားလုံးက ဆေးရုံမှာ စိတ်မကောင်း ဖြစ်နေကြ
တယ်။ မြစ်ကြီးနားဆေးရုံကို အမြန်ဆုံး ပို့သင့်တဲ့ လူနာဖြစ်ပေမယ့်
မြစ်ကြီးနား-ဖားကန့် ကားလမ်းတွေ ပိတ်ထားလို့ အဖက်ဖက်ကို အကြောင်းကြားနေတုန်း ရှိသေးတယ်'' ဟု ဒေသခံတစ်ဦးက ဖားကန့်ဆေးရုံမှ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၁၁း၀၀) နာရီတွင် ဖြေကြားခဲ့သည်။
eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here