Wednesday, January 30, 2013

အင်းလေးသို့ ဧည့်ငါးသိန်းဝင်ရန် ယခုနှစ် မျှော်လင့်ထား

0 comments
ဇန်န၀ါရီ(၃၀)

အင်းလေးကန်သို့ ယခုနှစ်အတွင်း ဧည့်သည်ငါးသိန်းလာရောက်ရန် ခန့်မှန်းထားကြောင်း သိရသည်။
ပြည်ပဧည့်များ မြန်မာပြည်သို့ လာရောက်ပါက အင်းလေးကန်သည် မသွားမဖြစ်သွားကြသော နေရာတစ်ခုဖြစ်ပြီး ပြည်တွင်းခရီးသွား များစွာလာရောက်ကြသော ကြောင့် ငါးသိန်း ခန့်မှန်းထားခြင်းဖြစ် ကြောင်း သိရသည်။
ဧည့်သည်များစွာ လာရောက်ခြင်းနှင့်အတူ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားရန်လိုကြောင်း၊ အင်းလေးကန်ရှိ ရေခြံများ သည် ဧည့်သည်များအတွက် ဆွဲဆောင်မှုဖြစ်သော်လည်း စိုက်ပျိုးရေးကြောင့် ကန်ဧရိယာကျဉ်းမြောင်းပြီး ကုန်းမြေဖြစ်သွားပါက ဧည့်သည်များ စိတ်ဝင်စားမှု မရှိနိုင် တော့ကြောင်း Hans Seidel Foundation  မှ Mr.Achim Munz  က ပြောသည်။
ခရီးသွားလုပ်ငန်းများသည်လည်း အင်းလေးကန်အတွင်း ပြသရာတွင် မရှိတော့သော ရေပေါ်ဈေးကို ထည့်သွင်း မကြေညာသင့်ကြောင်း၊ လက်ရှိ ရှိနေသော ယဉ်ကျေးမှု ဓလေ့များကိုသာ ပြသသွားရန် လိုအပ်ကြောင်း ၄င်းက အကြံပြုသည်။
လက်ရှိတွင် အင်းလေးကန် အတွင်းရှိ ဆောက်လုပ်ခွင့်ရပ်နား ထားသော ဟိုတယ် ၁၃ လုံးအပါ အဝင် ဟိုတယ် အလုံး ၂ဝ ကို လိုင်စင် စိစစ်ခွင့်ပြုနေပြီဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ သိရသည်။ ထို့အပြင် ညောင်ရွှေတွင်လည်း ဟိုတယ်ဇုန်သစ်တစ်ခုကို ဖော် ထုတ်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ယမန်နှစ်က အင်းလေးကန် သို့ ဧည့်သည်နှစ်သိန်းဝင် ရောက်ခဲ့ပြီး ဧည့်ဝင်ရောက်မှု များပြားခဲ့၍ ပြင်ပဧည့်များ ဘုန်း ကြီးကျောင်းများ၌ တည်းခိုခဲ့ရ သည့် အခြေအနေထိ ဖြစ်ခဲ့ ကြောင်း သိရသည်။
ဝေယံမိုးမြင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here