Monday, January 14, 2013

ရနောင်းက လုပ်ငန်းတွေ ကောသောင်းဘက်ကို ရွှေ့ဖို့စီစဉ်နေ

0 comments

Photo: ရနောင်းက လုပ်ငန်းတွေ ကောသောင်းဘက်ကို ရွှေ့ဖို့စီစဉ်နေ

14.1.2013

ထိုင်းနိုင်ငံ ရနောင်း ခရိုင်အတွင်းရှိ များစွာသော ကုန်ထုတ်လုပ်ငန်းများသည်
 မြန်မာနိုင်ငံဘက် သို့ ပြောင်းရွှေ့လုပ်ကိုင် ရန် စီစဉ်နေကြကြောင်း သိရပါ
တယ်။ 
ထိုင်းအစိုးရက တနေ့ အလုပ်သမား လုပ်အားခအား အမြင့်ဆုံး ဘတ်ငွေ၃၀၀
 အဖြစ် ဇန်န၀ါရီလ ၁ ရက်နေ့ က တရားဝင် သတ်မှတ် ကြေငြာလိုက်သည့် 
အတွက် အဆိုပါ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အား မြန်မာနိုင်ငံဘက်ခြမ်း
တွင် လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်တယ်လို့ ထိုင်းသတင်းအေဂျင်စီ (TNA) သတင်းတပုဒ်က ဆိုပါတယ်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရနောင်စက်မှုဇုံမှ ယမန်နေ့က ကြေငြာချက်
ထုတ်ပြန်ကာ အတည်ပြုခဲ့ပါ တယ်။ လက်ရှိ လုပ်အားခ ဈေးနှုန်းမြင့်မားမှုနဲ့ ထိုင်းနိုင်ငံတွင်း ကုန်ကြမ်း လျော့ကျမှုများကြောင့် ထိုင်း စီးပွားရေး လုပ်ငန်း တခုလုံးအနေဖြင့် ပြိုင်ဆိုင်မှုတွင် အဓိက ကျကြောင်းလည်း အဆိုပါကြေငြာ
ချက်က ဆိုပါတယ်။ 

ရနောင်း ကုန်သည်ကြီး အသင်းကလည်း ယခုအခါ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေး အ တွက် နှစ်စဉ် ဘတ်ငွေ ၁၅ သန်းထိ ရရှိနေ သော ထိုင်းနိုင်ငံ ရနောင်းနဲ့ မြန်မာနိုင်ငံ ကောသောင်းမြို့တို့ အကြား နယ်စပ်
တလျှောက် လွတ်လပ်သည့် ဈေးကွက် ဇုံတခု အတွက် မြေနေရာရှာဖွေမှုတွေ
လည်း လုပ်ဆောင်နေသည်ဟု ဆိုပါတယ်။  
ဧရာဝတီ
  ကော့သောင်းမြို့ (ဓာတ်ပုံ - sakalay.blogspot.com)
ကော့သောင်းမြို့ (ဓာတ်ပုံ - sakalay.blogspot.com)

ထိုင်းနိုင်ငံ ရနောင်း ခရိုင်အတွင်းရှိ များစွာသော ကုန်ထုတ်လုပ်ငန်းများသည်မြန်မာနိုင်ငံဘက် သို့ ပြောင်းရွှေ့လုပ်
ကိုင်ရန် စီစဉ်နေကြကြောင်း သိရပါတယ်။
ထိုင်းအစိုးရက တနေ့ အလုပ်သမား လုပ်အားခအား အမြင့်ဆုံး ဘတ်ငွေ၃၀၀အဖြစ် ဇန်န၀ါရီလ ၁ ရက်နေ့ က တရားဝင်သတ်မှတ် ကြေငြာလိုက်သည့် အတွက်အဆိုပါ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား မြန်မာနိုင်ငံဘက်ခြမ်း
တွင် လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်တယ်လို့ ထိုင်းသတင်းအေဂျင်စီ (TNA) သတင်းတပုဒ်က ဆိုပါတယ်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရနောင်စက်မှုဇုံမှယမန်နေ့က ကြေငြာချက်ထုတ်ပြန်ကာအတည်ပြုခဲ့ပါတယ်။လက်ရှိ 
လုပ်အားခ ဈေးနှုန်းမြင့်မားမှုနဲ့ ထိုင်းနိုင်ငံတွင်း ကုန်ကြမ်း လျော့ကျမှုများကြောင့် ထိုင်း စီးပွားရေးလုပ်ငန်းတခုလုံး
အနေဖြင့် ပြိုင်ဆိုင်မှုတွင် အဓိက ကျကြောင်းလည်း အဆိုပါကြေငြာချက်က ဆိုပါတယ်။

ရနောင်း ကုန်သည်ကြီး အသင်းကလည်း ယခုအခါ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေး အ တွက် နှစ်စဉ် ဘတ်ငွေ ၁၅သန်းထိ ရရှိနေ သောထိုင်းနိုင်ငံရနောင်းနဲ့ မြန်မာနိုင်ငံ ကောသောင်းမြို့တို့အကြားနယ်စပ်တလျှောက်
 လွတ်လပ်သည့် ဈေးကွက် ဇုံတခု အတွက် မြေနေရာရှာဖွေမှုတွေလည်း လုပ်ဆောင်နေသည်ဟု ဆိုပါတယ်။
ဧရာဝတီ
Like · ·

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here