Wednesday, January 30, 2013

KIA လက်နက်ကိုင်များ ``၀``တပ်ဖွဲ့ထံ တပည့်ခံတော့မည်

0 comments
ဇန်န၀ါရီ(၃၀)

အစိုးရစစ်တပ်များအား လက်နက်ကိုင်တိုက်ခိုက်ပြီး ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်မယ်လို့  ကြွေးကြော် ထားတဲ့ KIA တပ်မတော်ဟာ ဒီကနေ့သိရှိရတဲ့ သတင်းတွေအရ ၀ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတော့မယ်လို့ သတင်း ရရှိ ပါသည်။ KIA တပ်တွေအနေနဲ့ ကချင်လူမျိုးတွေကောင်းစားရေး၊ ၀မ်ပေါင်သမ္မတ နိုင်ငံ ထူထောင်ရေး၊ တန်းတူ ရည်တူရှိရေးစတဲ့ အကြောင်းအရာ အချက်အလက်တွေ အမျိုးမျိုးကြွေးကြော်ချက်တွေနဲ့ အော်ဟစ်ပြီး လက်နက် စွဲကိုင်တိုက်ပွဲဝင်နေတာဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်းမှာ လက်ညှိုးထိုးပြစရာ ကောင်းကွက် တစ်ကွက်တစ် လေမှ မရှိပေမယ့် မိုင်းထောင်၊လူသတ်၊ဆက်ကြေးကောက်၊ ပြန်ပေးဆွဲ၊ မူးယစ်ဆေးဝါးနဲ့ သစ်ထုတ်လုပ်ရောင်း ၀ယ်၊ လူသစ် စုဆောင်း၊ လောင်းကစားဝိုင်းတွေထောင်၊ ကချင်အမျိုးသမီးငယ်တွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံ ထဲ ရောင်း စား .. စတဲ့လုပ်ငန်းတွေကတော့ ရေတွက်လို့မရ နိုင်အောင်များပြား လွန်းလှ သည်။

အင်တာနက်နဲ့ ပြည်ပကသတင်းမီဒီယာသမားတွေက ဖာဖာထေးထေး၊ ဖုံးဖုံးဖိဖိရေးသားပေးနေ ကြ  ပေ မယ့် ကချင်ပြည်နယ်ရဲ့ တကယ့်လက်တွေ့မြင်ကွင်းမှာတော့ KIA ဆိုတာနဲ့ ကချင်လူမျိုးတွေ ကိုယ်တိုင်နှာခေါင်း ရှုံ့နေလျက်ရှိသည်။ ရထားလမ်းမိုင်းခွဲပြန်ပြီ KIA...ကုမ္ပဏီတွေကို မီးရှို့ဖျက်ဆီး လိုက်ပြန်ပြီ KIA... ခရီးသွားနေတဲ့ ကားတွေကို ပစ်ခတ်လိုက်ပြန်ပြီ KIA....ကျေးရွာတွေမှာရှိတဲ့ ပျိုပျိုအိုအိုကျားမ မရွေး လူသစ်ဖမ်းခေါ်သွားပြန်ပြီ KIA....ကချင်ပြည်နယ်ကို အရုပ်ဆိုးစေတာ၊ အကျည်း တန်စေတာ မှန်သမျှ လုပ်ဆောင် နေတာ KIA လက်နက် ကိုင်တွေပဲဖြစ်ပါတယ်။ သတင်းသမား အချို့ကတော့KIA လက်နက် ကိုင်တွေနဲ့ ကချင်လူမျိုးဆိုတာ အတူတူပဲလို့ ထင်သာမြင် သာ   အောင်ရေးသားပေမယ့် ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းနဲ့ ကချင်တိုင်း ရင်းသား  ခေါင်းဆောင် အများ စုကတော့ KIA ဆိုတာ လက်နက်ကိုင်ပြီး ကချင်ပြည်နယ်ကို ဖျက်ဆီးနေသူတွေလို့ပဲ သတ်မှတ်နေ ကြသည်။
 
ဒါကြောင့်လဲ အစိုးရတပ်တွေနဲ့ KIA တိုက်ပွဲဖြစ်တိုင်း KIA တွေအရှုံးကြီးရှုံးနေပြီး စခန်းတွေ တစ်ခုပြီးတစ် ခုစွန့်လွှတ်နေရတာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ ကိုယ်နှိုက်က အစိုးရတပ်တွေကို သတင်းပေး၊ စခန်းတွေကို လမ်းညွှန်ပြ ကူညီကြတာမို့ KIA ဆိုတာ အခုဆိုရင် လိုင်ဇာကွက်ကွက် ကလေးမှာပဲ နေနိုင်တဲ့ အနေအထားဖြစ် ပါသည်။ ဒီလိုမျိုးအဖက်ဖက်က ရှုံးနိမ့်လာတော့မှပဲ ငြိမ်းချမ်းရေး လုပ်ချင်စိတ်တွေပေါ်လာပြီး UWSA ဆိုတဲ့ ၀ တပ်ဖွဲ့ခေါင်းဆောင်တွေကို ဆရာတင်ပါတော့သည်။ မဟုတ်တာ မမှန်တာ လုပ်ထားသူတွေ ဆိုတော့ အစိုးရက ချိန်းဆို ကြိုဆိုခေါ်ထားတဲ့ နေပြည်တော်ကို မလာရဲတော့ဘဲ ၀ ဌာနချုပ် ပန်းဆန်မှာ ဆွေးနွေးဖို့ ခေါင်းညိမ့်လာ ပါတယ်။ တကယ်တော့KIAရဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်အပေါ်မှာ KIO လူကြီးတွေ အကြားမှာသဘောထားကွဲလွဲမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်နေ လျက်ရှိသည်။ အစိုးရနဲ့ တန်းတူရည်တူမဆွေးနွေးဘဲ ၀တပ်ဖွဲ့ကိုဆရာတင်ဆွေးနွေးတာကို အများစုက လက်မခံနိုင်ဖြစ်နေကြောင်း လိုင်ဇာသတင်းရပ်ကွက်မှသိရှိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here