Bobby Soxer (ထက်ထက်)ကလတ်တလောမှာတော့ BusinessManagement နောက်ဆုံးနှစ်ကို တက်ရောက်နေပြီး မတ်လအကုန် မှာ ကျောင်းပြီးမှာဖြစ်ပါတယ်။ ဒုံးပျံ MTV ကိုလည်း မတ်လထဲ မှာထွက်ဖို့ ကြိုးစားနေတဲ့ ထက်ထက်က ရှိုး ပွဲတွေလည်း ဆက်တိုက်ဆိုဖြစ်နေ ပါ တယ်။ ကြော်ငြာတွေ လည်း ရိုက်ကူးဖြစ်တဲ့ ထက်ထက်က"ထက်က ကင်မရာ ကြောက်တာတို့၊ အိုက်တင်လုပ်ရမှာ ရှက်တာ တို့ သိပ်မရှိဘူး။ ဒါပေမဲ့ ရိုက်ကူးမှုများလာလေ ပိုအဆင်ပြေလာလေ ဖြစ်တာပေါ့။ ဘယ်လို ကြိုပြင် ဆင်သွားရမယ်ဆိုတဲ့ ပြင်ဆင်မှုတွေကို ပိုသိလာတော့ အဆင်ပြေ တာပေါ့။ ကြော်ငြာထဲမှာ
ဆိုရင်တော့ ထက်ရိုက်ခဲ့သမျှက story board နဲ့ရိုက်တာတွေ များတယ်။အဲဒီအထဲမှာမှ အမှတ်တရဖြစ်တာက ကိုစိုင်းနဲ့ တွဲရိုက်တဲ့ KKOသိုးမွေးကြော်ငြာပေါ့။ အဲဒီမှာတော့ သီချင်းလေးနဲ့ တွဲပြီး လှုပ်ရှားရတာ အဲဒါကတော့ ပျော်ဖို့ကောင်းတယ်။အဆိုတော်တွေလည်း ဖြစ်တော့သီချင်းလေးနဲ့ လှုပ်ရှားရတာဆိုတော့ပိုကောင်း တယ်"လို့ ပြောပါတယ်။
ထက်ထက်က Cheers အခွေ ထဲက သူနဲ့ဒီးဒီ(စန္ဒီမြင့်လွင်)ဆိုထားတဲ့ ရှာမှရှား အပုဒ်ရဲ့ အမ်တီဗီကို အမြန်ဆုံး ထွက်စေချင် ပြီးအားရတယ်လို့လည်း ပြောပါတယ်။"ထက်တို့နှစ်ယောက် ပေါင်းပြီး လုပ်ထား တဲ့ ပါဖော့မန့်စ်က နည်းနည်းတော့ ဆန်းမယ် ထင်တယ်။ ပြီးတော့ location လေးလည်း ဆန်းလို့ ကြည့်စေချင်တယ်"လို့ ပြောပါတယ်။ ထက်ထက်ကို ဒီးဒီနဲ့တွဲဆိုခဲ့သလို၊ တခြား ဘယ်သူတွေနဲ့ တွဲဆိုဖို့ထားတာ မျိုးရှိလဲဆိုတော့ "ထက်တို့အားလုံး တစ်ယောက်နဲ့တစ်ယောက်အမြဲ တွေ့ဖြစ်ပါတယ်။

ဒါပေမဲ့ သီချင်းတွဲလုပ်ဖို့ကျတော့ ဥပမာ သီချင်းတစ်ပုဒ်ကို ရန်ကုန်ပွဲတွေမှာ တွဲဆိုလို့ရပေမယ့် တခြားနယ်ရှိုးတွေမှာ ဆိုရင် တစ်ယောက်တည်း ဆိုရတာမျိုးတွေ ရှိတယ်။ နှစ်ယောက်ဆိုတဲ့ သီချင်းကို တစ်ယောက်တည်းဆိုရင် သီချင်းအရသာမပြည့်စုံဘူးလို့ခံစားရတော့ နောက်ပိုင်းမှာတော့အလျဉ်းသင့် သလို၊ကိုယ့် အစ်မတွေ၊ အစ်ကိုတွေနဲ့ လုပ်မှာပါ။ အခုတော့ တစ်ကိုယ်တော် သီချင်းခွေတွေပဲ များနေတယ်"လို့ ပြောပါတယ်။
ချစ်သူများနေ့မှာထွက်ရှိမယ့် Stupid Cupid ဆိုတဲ့အတွဲခွေမှာ ထက်ထက် က ပေါ့ပ်ရော့ခ်တေးသံရှင် Rဇာနည်နဲ့တွဲဆိုထားတဲ့ အကြောင်းကို သိရ လို့ မေးကြည့်တော့"သီချင်းက Tempotအနှေးနဲ့ Slowလေးဖြစ်တယ်။ တော်တော် Slow ဖြစ်လို့ ညီမတော်တော်ကို ခက်ခက်ခဲခဲကြိုးစား အားထုတ်ရတယ်။

အချစ်သီချင်းမှာ ရိုးရှင်းတဲ့ စာသားတွေကို ကာရန်နဲ့ ချိတ်ထားတယ်လို့လည်း မဖြစ်အောင်ရေးရတယ်။
တော်တော်ကြိုးစားပြီး ခက်ခက်ခဲခဲရေးထားတဲ့ သီချင်းလို့ ပြောလို့ရပါတယ်။ Hip Hop Beat လည်း မဟုတ်ဘူး။ တေးရေးဆရာရေးထားတဲ့ သံစဉ်ပေါ်မှာညီမက Rap စာသား လိုက်ထည့် ပြီး ရောဆို ထားတဲ့သီချင်းပါ"လို့ ထက်ထက်ကပြောပါတယ်။
Popular Journal
Popular Journal