Monday, January 14, 2013

မူးယစ်ကိစ္စအပါအဝင် ဖွံ့ဖြိုးမှုလုပ်ငန်း၌ RCSS နှင့် UWSP ပူးပေါင်းဆောင်ရွက်မည်ဟုသဘောတူ

0 comments
ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီUWSP/UWSA တောင်ပိုင်းတပ်ဖွဲ့ နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်
စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တွေ့ဆုံရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပါအဝင် အချက်၎ချက်ကို
 ဆွေးနွေးသဘောတူညီနိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းကဆိုသည်။
rcss-welcome-by-wa
 ဆွေးနွေးပွဲတက်ရောက်သည့် RCSS/SSA ကိုယ်စားလှယ်များအား UWSP/UWSA တောင်ပိုင်းတပ်ဖွဲ့ ကိုယ်စားလှယ်များက ကြိုဆိုကြစဉ်
 
“ ၁- အပစ်ရပ်မယ် ၂-  နှစ်ဦးနှစ်ဘက် လက်တွဲပူးပေါင်းပြီး စိုက်ပျိုးရေးတွေလုပ်မယ် ၃- သျှမ်းဘက်က တပ်စခန်းတွေ ဆောက်လုပ်ဖို့နေရာအကြောင်း ဆွေးနွေးတယ် ၄- မူးယစ်ဆေးဝါးမူးပေါင်းနှိမ်နင်းမယ် ဆိုတဲ့အချက် ၄ ချက်ဆွေးနွေးကြ တယ်လို့ကြားသိရတယ်” ဟု အမည်မဖေါ်လိုသည့် RCSS/SSA တပ်မှူးတဦးက ပြောပြသည်။

ဒီဇင်ဘာ လကုန်ပိုင်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဟွေ့အော့၌ ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံပွဲသို့
UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ အမှတ် ၁၇၁ စစ်ဒေသ ဒုတပ်မှူးကြီး Yang Jun ၊ တပ်မဟာ ၇၇၅ တပ်မဟာမှူး ယန်ကော်ကျုံး ၊ ဒုတပ်မဟာမှူး Ya Lisi တို့ဦးဆောင်သော အဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA ဘက်မှ ဗိုလ်မှူးကြီး တင်းခေး ၊ ဗိုလ်မှူးကြီး စိုင်းဟန် နှင့် ဗိုလ်မှူးကြီးဝမ်းလီတို့ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

အချက်နံပတ် ၁ ဖြစ်သော အပစ်ရပ်စဲရေးကိစ္စတွင်ယမန်နှစ်က သျှမ်းပြည်တပ်မတော်၏တပ်သား  ကေဒါများအား
 ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်မှ ဖမ်းဆီးသည့်ကိစ္စ ရှေ့ဆက်ထိုကဲ့သို့ ထပ်မံမဖြစ်ပွါးရန်သဘောတူ
ညီခဲ့ကြသည်။ သံသ ယကင်းစွာဖြင့် တဖက်နယ်မြေအတွင်းသို့လည်း လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ရှိသည်
ဟုလည်း သဘောတူညီကြသည်။
ဖမ်းဆီးထားသူများအနက် ကျန်တချို့အား တွေ့ဆုံသည့်နေ့ကပင် ပြန်လည်လွတ်ပေးလိုက်သည်။

အချက်နံပတ် ၂ - နှစ်ရှည်ပင်များ ၊ ရာသီအလိုက်သီးနှံများကို ဝ တပ်နှင့် သျှမ်းတပ်တို့ပူးပေါင်းစိုက်ပျိုးရောင်းချကြ
မည် ဖြစ်ကြောင်း သဘောတူကြသည်။

အချက်နံပတ် ၃ - ယခင်က ပြဿနာဖြစ်ခဲ့ဖူးသော ပုံဖာပုံတောင်းဒေသ၌ သျှမ်းပြည်တပ်မတော်မှ တပ်စခန်း
စိုက်ခွင့်ရှိသည်။

အချက်နံပတ် ၄ - နှစ်ဦးနှစ်ဘက် လက်တွဲပူးပေါင်းကာမူးယစ်ဆေးဝါးတိုက်ဖျက်သွားမည်။ အစရှိသည်တို့ဆွေးနွေး ခဲ့ကြ သည်။

စိုက်ပျိုးရေးအတွက် သျှမ်းပြည်တပ်မတော်ဘက်မှ ပုံပါကျင်နှင့်နားကောင်းမူး အရှေ့ဘက်ခြမ်းတွင်နေရာရွေးချယ်
ထား သည်ဟုလည်း သိရကြောင်း ၎င်းကပြောပါသည်။

သို့သော်အဆိုပါအချက်များနှင့်ပတ်သက်၍ သျှမ်းပြည်တပ်တော် RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ်ထံမှအတည်ပြုချက်
 မရသေးပေ။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်UWSAတို့ဒုတိယအကြိမ်တွေ့
ဆုံပွဲကို ၂၀၁၂ ဒီဇင်ဘာလ ၂၈ နှင့် ၂၉ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ ၂၀၁၂ ခု စက်တင်ဘာလ ၁၆ ရက်က ပထမ
အကြိမ်တွေ့ ဆုံ ခဲ့ကြသည်။
သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here