Thursday, January 10, 2013

UNFC နှင့် ဦးအောင်မင်း ထိုင်းနိုင်ငံအတွင်း ထပ်မံတွေ့ဆုံမည်

0 comments
UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ တို့ ထပ်မံတွေ့ဆုံမည်ဆိုပါက ထိုင်းနိုင်ငံအတွင်း၌ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း UNFC အတွင်းရေးမှူးကပြောသည်။
unfc-govt-cmနိုဝင်ဘာလ ၉ ရက်နေ့ ဦးအောင်မင်းနှင့် UNFC တွေ့ဆုံကြစဉ် (facebook)
 
“မနှစ်ကနိုဝင်ဘာလ၉ရက်နေ့ဦးအောင်မင်းနဲ့ ကျနော်တို့ တွေ့ဆုံတုန်းက နောက်တခါတွေ့ဆုံရင် မြန်မာငြိမ်း
ချမ်းရေးစင်တာ (Myanmar Peace Center ) မှာတွေ့ဆုံကြမယ်လို့ပြောတယ်။ ဒီအတွက်ကျနော်တို့ဘက်က ကိုယ်စားလှယ်တွေ လွှတ်ဖို့ အဆင်မပြေဘူး။ ဘာလို့လဲဆို အများစုဟာ Black List ထဲမှာ ရှိနေတုန်းဘဲလို့ယူဆတယ်။နောက်တခုက UNFC အဖွဲ့ဝင် တပ်ဖွဲ့တချို့ ( KIA ၊SSPP/SSA၊  TNLA ) တွေနဲ့
 မြန်မာစစ်တပ်တို့ တိုက်ပွဲတွေမရပ်သေးဘူး။ နောက်ပြီးတော့ ကျနော်တို့ဟာ အခု ယုံကြည်မှုတည်ဆောက်နေဆဲကာလ ဖြစ်ပါတယ် ဒါကြောင့်  အသင့်လျော်ဆုံးနေရာကတော့ တတိယနိုင်ငံတွေမှာဘဲဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်” ဟု နိုင်ဟံသာကပြောပါသည်။

ဦးအောင်မင်း က  ထိုင်းနိုင်ငံ၌ တွေ့ဆုံရန်တင်ပြမှုကို လက်ခံခဲ့ကြောင်း နိုင်ဟံသာကပြောပါသည်။

ယခုလ၅ရက်နေ့ကWGECတိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့၏၈ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ၌
 နိုင်ဟံသာက ထိုသို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုညီလာခံကြီး၌ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ အရေအတွက်တူညီစွာ ပါဝင် ဆွေးနွေးနိုင်ရန် တိုင်း ရင်းသားများအနေဖြင့် နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများ ၊ အပစ်ရပ်အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့ အစည်းများ စုပေါင်းကာ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ  WGEC (Working Group for Ethnic Coordination)  ကို ယမန်နှစ် ဖေဖော်ဝါရီလ ၂၆-၂၈ အထိ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့ပါဝင်သည့်အစည်းအဝေး၏ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့သည်။

ရည်ရွယ်ချက်မှာ အစိုးရနှင့် တွေ့ဆုံဆွေးနွေးပါက တိုင်းရင်းသား များဘက်တွင်ရှိထားရန် လိုအပ်သည့်လမ်းညွှန်မူ နှင့်လုပ်ငန်းစဉ်များကို ရေးဆွဲရန်ဖြစ်ပါသည်။

WGEC ပေါ်ပေါက်လာမှုရလဒ်တခုမှာ ယမန်နှစ် စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ပြုလုပ်ခဲ့သော တိုင်းရင်းသား များညီလာခံဖြစ်သည်။  ထိုညီလာခံမှ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လမ်းပြမြေပုံ ၆ ချက်ကိုဆွေးနွေးသဘောတူခဲ့ကြသည်။ ၎င်းတို့မှာ ၁- တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်း များ နိုင်ငံရေးပါတီများ အမျိုးသမီးနှင့် လူငယ်ထု အပါအဝင် Civil Societies တို့တွေ့ဆုံဆွေးနွေးပွဲကျင်းပပြီး နိုင်ငံ ရေးမူဘောင် တွင်ပါဝင်မည့် အချက်များကို သဘောတူ ချမှတ်ရန်  ၂-  ပြည်ထောင်စုအစိုးရကိုယ်စားလှယ်နှင့် လက်နက်ကိုင် တိုင်းရင်းသား တော် လှန်ရေးအဖွဲ့ အစည်း ၏ စုစည်း ထားသောကိုယ်စားလှယ်များအကြားတွေ့ဆုံဆွေးနွေး၍ တွေ့ဆုံဆွေး နွေးရေးဆိုင်ရာမူဘောင် သဘောတူညီချက်ရရှိရန်၊ ၃ - သက်ဆိုင်ရာပြည်နယ်အလိုက်၊ တိုင်းအလိုက်၊ လူမျိုးစုအလိုက် တိုင်း ရင်းသားတို့၏ ညီလာခံ များကျင်းပပြီး ရှင်းလင်း ညှိနှိုင်းသဘောထားရယူသွားရန်၊ ၄- လက်နက်ကိုင်တပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ အမျိုးသမီးအဖွဲ့ လူငယ် အဖွဲ့အစည်းများ အသိ အတတ်ပညာရှင်များပါဝင်သော တိုင်းရင်းသားလူမျိုးစုံညီလာခံတခု ကျင်း ပရန်၊ အပါအဝင်ပြည်နယ်များစုပေါင်း၍ ညီလာခံ ကျင်းပရန်၊ ၅- တိုင်းရင်းသား၊ ဒီမိုကရေစီအင်အားစု နှင့် အစိုးရ ကိုယ်စား လှယ် အချိုးညီပါဝင်ပြီး အင်အားစုသုံးစုစလုံး လက်ခံနိုင်သောပုံစံဖြင့် ပင်လုံစိတ်ဓါတ်ကိုအခြေခံသော ပြည်ထောင်စုညီလာ ခံကြီးတရပ် ကျင်းသွားရန်၊ ထိုညီလာခံမှ ချမှတ် သောသဘောတူညီချက်များကို တိုင်းရင်းသားလူမျိုးများဆိုင်ရာပြည်ထောင်စု သဘောတူညီချက် (Union Accord) အဖြစ်သဘောထားရန်၊၆-တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စု
သဘော တူညီချက် (Union Accord) ကို အချိန်အတိအကျသတ်မှတ်ပြီး အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန် - တို့ ဖြစ်ပါသည်။

ယခုအခါ WGEC မှ ငြိမ်းချမ်းရေးအတွက် မူဘောင် မူကြမ်းရေးဆွဲကာ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ ထံပြန်လည် စီစစ်ရန်တင်ပြထားကြောင်း ဆိုပါသည်။

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီကလည်း အလားတူ ငြိမ်းချမ်းရေးအတွက် မူဘောင် မူကြမ်း ရေးဆွဲနေ ကြောင်း ကြားဝင်အကျိုးတော်ဆောင်ပေးသည့် ဥရောပ မြန်မာရုံး EBO က ပြောပါသည်။
သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here