ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ စစ်ရေးလေ့ကျင့်ရေးမှူး Li Wen ၏ ဈာပန အခမ်းအနား အား မြို့တော်ပန်ဆန်း၌ ကျင်းပခဲ့ကြောင်း နီးစပ်သည့်သတင်းရပ်ကွက်က ဆိုပါသည်။
ဒီဇင်ဘာလ ဆွေးနွေးပွဲက RCSS/SSA အား လက်ဆောင်ပစ္စည်းများပေးနေသော Li Wen
အသက် ၆၀ ရှိ Li Wen သည် သွေးတိုးရောဂါဖြင့် ယခုလ ၂၆ ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်ပြီး ဈာပန အခမ်းအနားကို ယနေ့ ၃၀ ရက်နေ့၌ ကျင်းပခဲ့သည်ဟုဆိုပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ မူးယစ် ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေးနှင့် အစားထိုးသီးနှံစီမံကိန်းအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ နှင့်၂၉ ရက်နေ့ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဟွေ့အော့၌ ဒုတိယအကြိမ်တွေ့ ဆုံကြစဉ် Li Wen သည် အစည်းအဝေးနာယက အဖြစ် ဆောင်ရွက်ခဲ့သည်။
သျှမ်းသံတော်ဆင့်