ပြင်းတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတော့ နာတော့လည်း ပိုက်ဆံမရှိလို့ မကုခဲ့ဘဲ နေခဲ့တယ် ဖြစ်တာ က(၂) နှစ်လောက်ရှိပြီ။ အခု မခံမရပ်နိုင်အောင် နာလွန်းအားကြီးလို့ ဆံပင်ဖြတ်ပြီး ရန်ကုန်ကို ဆင်းလာခဲ့ တာပါ။ ဆံပင်ရောင်းတာ ၇ဝဝဝိ/- (ခုနှစ်ထောင်) ရတယ်။ ရွာမှာရှိတဲ့ လူတွေက ဦးကျော်သူဆီသွားဖို့ ပြောလို့ရောက်လာခဲ့တာ။ အိမ်မှာ တစ်ယောက်တည်း ဆိုတော့ ကျော်သူရှိတဲ့နေရာ ကို မသိဘူး။ ကျွန်မ တို့ရွာက (Breasts Cancer) ရင်သားကင်ဆာ ဖြစ်နေတဲ့ သမီးတစ်ယောက်နဲ့ လူကြုံ လိုက်လာတာ။ သူက လည်း ကျော်သူ့ဆေးခန်းမှာ ကုဖို့ဆိုတော့ အတူတူလိုက်လာတာ။ တည်းဖို့က ဘုန်းကြီးကျောင်းကို အရင် သွားတယ်။ ဘုန်းကြီးကျောင်းမှာ နေရာမရှိတော့လို့ .. ကိုယ်သိတဲ့ ဘုန်းကြီး ကျောင်းကလည်း မရှိတော့။ အခု ဒလ ဘက်ခြမ်း ကမ်းနားမှာရှိတဲ့ တည်းခိုခန်း တစ်ခုမှာတည်းတယ်။ မခံစားနိုင်လွန်းလို့ ရောက်လာ ခဲ့တာပါ” ဟု မျက်ရည်ဝဲကာ ပြောပြခဲ့သည်။ မျက်စိသည် အလွန်အံ့သြ ဖွယ်ကောင်းသော အစိတ်အပိုင်း တစ်ခု ဖြစ်သည့်အပြင် လွန်စွာမှ ဂရုစိုက်ရသည့် အစိတ်အပိုင်းဖြစ်သည်။ မျက်စိသည် ကိုယ်ခန္ဓာအတွက် အသုံးဝင်၍ အလွန်သိမ်မွေ့နူးညံ့သော အပိုင်းတစ်ခုဖြစ်၏။ အနည်းငယ် သော ဒဏ်ရာနှင့်ပင်လျှင် မျက်စိကို ဒုက္ခပေးနိုင်ပြီး မျက်စိကို ကွယ်စေနိုင်သည်။ ထို့ကြောင့် မျက်စိများကို ဂရုတစိုက် စောင့်ရှောက်ရန် လိုအပ်
ပေသည်။ ထို့ကြောင့် သုခကုသိုလ်ဖြစ်ဆေးခန်းမှ မျက်စိဆရာဝန် ဒေါက်တာချိုချိုလှိုင်မှ မျက်စိဝေဒနာရှင် ဒေါ်အေးပြုံးအား ခွဲစိတ်ကုသရန်အတွက် သင်္ကန်းကျွန်းဆေးရုံ မျက်စိခွဲစိတ်ခန်းတွင် အကြီးစား ခွဲစိတ်ရန် အတွက် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ခွဲစိတ်ခန်း ကုန်ကျငွေအား ဆေးကူညီမှုစနစ်ဖြင့် ခွဲစိတ်ကုသပေး
တော့မည် ဖြစ်သည်။ ဒေါ်အေးပြုံးသည် ဆံပင်ဖြတ်၍ ရောင်းချခဲ့ သည့်ငွေဖြင့် ခွဲစိတ်စရိတ်၊ ဆေးခန်းစရိတ် မကုန်ကျသော်လည်း တည်းခိုစရိတ်၊ ခရီးစရိတ်၊ စားစရိတ် အဘယ်ကဲ့သို့ စခန်းသွားမည်နည်း။
ယခု တင်ပြလိုက်သော မျက်စိဝေဒနာရှင် (၂) ဦးလုံးသည် မျက်စိဝေဒနာအား နှစ်နဲ့ချီ ခံစားခဲ့ကြ သည်။ အကယ်၍ သုခကုသိုလ်ဖြစ် မျက်စိဆေးရုံသာ မဖွင့်ဖြစ်ခဲ့လျှင် မည်သို့ပင် မခံမရပ်နိုင်အောင် နာ ကျင်မှုဒဏ်အား ကြိတ်မှိတ်ခံစားပြီး မျက်စိကွယ်သည်အထိ နေကြတော့မည်လား။ စိတ်ဓါတ်ပြင်းပြသော လူနာများမို့လို့သာ ဦးကျော်သူ မျက်စိဆေးရုံသို့ မရောက်ရောက်အောင် လာခဲ့ခြင်းပင်ဖြစ်သည်။ ငွေကြေး လည်း မပြည့်စုံ၊ ဝေဒနာများကိုလည်း ခံစားနေရကာ စိတ်လျော့လိုက်သော မျက်စိဝေဒနာသည် မည်မျှပင် များပြားနေဦးမည်နည်း။ မည်သို့ပင် ဖြစ်စေကာမူ မျက်စိဝေဒနာရှင် ဒေါ်အေးပြုံးနှင့် ဒေါ်အေးသန်းတို့ နှစ်ဦး လုံးအား သုခကုသိုလ်ဖြစ် မျက်စိဆေးရုံမှ ဝေဒနာပျောက်ကင်းစေရန် စေတနာရှင်ဆရာဝန်ကြီးများ အကူ အညီဖြင့် ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကာ ဆေးဝါးကုသပေး နေလျှက်ရှိပေတော့သည်။
ဇူးဇူး