Thursday, February 7, 2013

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ၀မ်ဟိုင်းအဖွဲ့မှ အခွန်တိုးကောက်ရန်အစည်းအဝေးပွဲ ပြုလုပ်

0 comments
ဖေဖော်ဝါရီ(၇)


ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ၀မ်ဟိုင်းအဖွဲ့သည် ၂၀၁၃ခုနှစ်အတွင်းတွင် အခွန်တိုး ကောက်ရန် နှင့် ပတ်သတ်သည့် အစည်းအဝေးကို ၀မ်ဟိုင်းဌာနချုပ်တွင် ဖေဖော်ဝါရီလ ပထမအပတ် အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
``တကယ်တမ်းကျတော့ ရှမ်းပြည် တပ်မတော်လို့သာ နာမည်ခံထားတာပါ၊ ကိုယ့်လူမျိုး အချင်းချင်း ကို ပြန်ပြီး ဒုက္ခပေးနေတဲ့အဖွဲ့ တွေပါ၊ သူတို့အဖွဲ့ကြောင့် ရှမ်းပြည်နယ်က မြို့တွေရွာတွေမှာ ဘာတိုး တတ်လာတာရှိ လို့လဲ၊ သူတို့အဖွဲ့တွေကြောင့် ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ဧကတွေတိုးလာပြီး မူးယစ်ဆေးဝါးတွေလည်း ပိုများလာ တယ်။ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး ဘ၀ပျက်သွားတဲ့ ရှမ်းလူငယ်တွေ အများကြီးပါ၊ မြန်မာနိုင်ငံက ဘယ်ပြည် နယ်၊ ဘယ်တိုင်းဒေသမှာမှမရှိတဲ့ စစ်မှုမထမ်းမနေရစနစ် ကျွန်တော်တို့ရှမ်းပြည်နယ် မှာရှိတယ်။ သူတို့ပြောပြောနေ တဲ့ ရှမ်းပြည်နယ် ကောင်းစားရေး အတွက်ပဲဖြစ်မှာပါ။ အခုမှမဟုတ်ပါဘူး.. ရှမ်းပြည် တပ်မတော် (တောင်ပိုင်း/မြောက်ပိုင်း) ဆိုတဲ့အဖွဲ့တွေ ပေါ်လာကတည်းကပါ၊ အခုလည်း ကြည့်ပါဦး.. ကျွန်တော်တို့ရှမ်းလူမျိုးတွေ အားလုံးနဲ့သက်ဆိုင်တဲ့ ရှမ်းပြည်နယ်နေ့ကို ပျော်ပျော်ပါးပါး ကျင်းပလို့ တောင် မပြီးသေး ဘူး အခွန်တွေတိုးကောက်ဖို့ ကြံစည်နေကြပြန်ပြီ´´ ဟု ဒေသခံတစ်ဦးမှ ပြောပြပါသည်။

ဝမ်ဟိုင်းအဖွဲ့မှ ကောက်ခံသောအခွန်များမှာ လူခွန်၊ လယ်ယာခွန်၊ သစ်ခွန်၊ ဘိန်းခွန်၊ ယာဉ်ခွန်နှင့် လိုအပ်လျှင် အရေးပေါ်ကောက်ခံသည့် အခွန်များလည်းရှိသည်။ ကျေးရွာအလိုက်  တပ်သားသစ် မပေးနိုင်ပါက ငွေပေး ရသည့် အခွန်များလည်းရှိသည်။ ယခုပြုလုပ်သောအစည်းအဝေးတွင် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ၀မ်ဟိုင်းအဖွဲ့မှ ခေါင်းဆောင် ပန်ဖနှင့် ဒုခေါင်းဆောင် ခေးတိုင်းတို့နှစ်ဦးမှ အခွန်တိုးပြီးကောက်ခံရန် လက်အောက်ခံတပ်မှူးများကို မှာကြားခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here