Thursday, February 28, 2013

မြို့နယ်(၅)မြို့နယ်အတွက် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို တာချီလိတ်မြို့မှာ ပြုလုပ်ပြီးစီး

0 comments
ဖေဖော်ဝါရီ(၂၈)

ဖေဖော်ဝါရီလ(၂၈)ရက် နံနက်(၉)နာရီက တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်မှာ မြို့နယ်(၅)မြို့နယ်အတွက် "မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ( ၂၅ )ရာခိုင်နှုန်း အနားယူခြင်း အစားထိုးရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး"ကို ပြုလုပ်သွားခဲ့ကြောင်း သိရပါတယ်။


မြို့နယ်သံဃနာယကအဖွဲ့ဝင်များ( ၂၅ )ရာခိုင်နှုန်း အနားယူခြင်းအတွက် အစားထိုးရွေးချယ်ရာမှာ တာချီလိတ်မြို့နယ်သံဃနာယကအဖွဲ့၊ မိုင်းဆတ်မြို့နယ်သံဃနာယကအဖွဲ့၊ မိုင်းဖြတ်မြို့နယ်သံဃနာယကအဖွဲ့၊ မိုင်းတုံမြို့နယ်သံဃနာယကအဖွဲ့ နဲ့ မိုင်းယောင်းမြို့နယ်သံဃနာယကအဖွဲ့ စတဲ့ မြို့နယ်(၅)မြို့နယ်က သံဃာတော်များကို လစ်လပ်နေတဲ့ နေရာမှာ အစားထိုးရွေးချယ်ဖို့အတွက် အခုလို မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

အခမ်းအနားမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး အခမ်းအနားမှူး ဆရာတော်က ( ၂၅ )ရာခိုင်နှုန်း အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသွားတဲ့ ဆရာတော်များရဲ့ ဘွဲ့အမည်စာရင်းများကို ကြေညာပြီး လုပ်ငန်းစီမံချက် အခန်း(၄) အပိုဒ်(၁၁) အပိုဒ်ခွဲ(ဋ)ကို ရှင်းလင်းလျှောက်ထားခဲ့ကြပါတယ်။

လစ်လပ်သွားတဲ့နေရာမှာ အစားထိုးရွေးချယ်နိုင်ဖို့အတွက် မူလသတ်မှတ်ထားတဲ့ သက်ဆိုင်ရာ နယ်မြေအလိုက် အမည်စာရင်းတင်သွင်းမဲ့ အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်က အဆိုတင်သွင်းရာ သဘာပတိဆရာတော်များက သာဓု(၃)ကြိမ်ခေါ်ဆိုကာ အတည်ပြုပေးခဲ့ကြတာဖြစ်ပါတယ်။

အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ဆရာတော် ဦးပညာနန္ဒ(တွဲဘက်အကျိုးတော်ဆောင်၊
 နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဓါတ်တော်ကျောင်း၊ လွိုင်လင်၊) နဲ့ ဆရာတော် ဦးပညာသိရီ ( ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဌ ၊ မူလမင်းကွန်းကျောင်းတိုက်၊ တောင်ကြီးမြို့)တို့က ကြွရောက်လာခဲ့ကြပြီး တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော် အပါအ၀င် မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းတုံ နဲ့ မိုင်းယောင်းမြို့နယ်ဘက်က ဆရာတော်များ ကြွရောက်လာခဲ့တဲ့အပြင်
ပြည်နယ်သာသနာရေးဝန်ကြီးဌာနမှ အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် ဂေါပကအဖွဲ့ဝင်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here