ဖေဖော်ဝါရီ(၅)
အီရတ် စစ်ပွဲအတွင်း ခြေနှစ်ဖက်နှင့် လက်နှစ်ဖက် စလုံး ဆုံးရှုံးခဲ့ရသော်လည်း ဆက်လက် အသက်ရှင် ရပ်တည် နေနိုင်သေးသော အမေရိကန် စစ်သား တစ်ဦးသည်
၎င်း၏ ခြေလက်များ အားလုံးကို အစားထိုး ခွဲစိတ် ကုသမှုများ ပြုလုပ် ခဲ့ပြီးနောက်
ရေကူးခြင်း၊ ကားမောင်းခြင်းတို့ကိုပြုလုပ်ရန် မျှော်မှန်းလျက် ရှိကြောင်း သိရသည်။
ဘရန်ဒန် မာရော့ကို အမည်ရှိ အသက် ၂၆ နှစ်အရွယ် ၎င်း စစ်သားသည် ၂ဝဝ၉ ခုနှစ်က
လမ်းဘေး ထောင် ဗုံးပေါက်ကွဲမှုတွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
ဘရန်ဒန် မာရော့ကိုသည် သေဆုံးသွားသော ၎င်း၏ လက်အလှူရှင် ထံမှ ရိုးတွင်းခြင်ဆီ
ကိုလည်း လက်ခံ ရယူထား သူ ဖြစ်သည်။ ထိုသို့ ခြင်ဆီရယူ ထား သော ရောဂါ
ကုထုံးသည် ဆေး ဝါး ထောက်ပံ့မှု အနည်းဆုံးဖြင့်
ခြေလက် သစ်များကို ၎င်း၏ ခန္ဓာကိုယ်မှ လက်ခံ ရယူ ရာတွင် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ကြောင်း သိရသည်။
မစ္စတာ မာရော့ကိုသည် ၎င်း၏ လက်အသစ်များကို အပြည့်အဝ အသုံးချနိုင်ရန် အတွက် တစ်နှစ်ကျော် အချိန်ယူရ ဦးမည်ဖြစ်ကြောင်း
ခွဲစိတ် ဆရာဝန် များက ပြောကြားထားသည်။
အာရုံကြောများ ပြန်လည် အလုပ်လုပ်နိုင်သည့် နှုန်းမှာ အမြန်ဆုံး တစ်လလျှင်
တစ်လက်မခန့်သာ ကောင်းမွန် လာနိုင်သည် ဟု ဒေါက်တာ ဒဗလျူပီအင် ဒရူးလီက
ပြောကြား သည်။
အမေရိကန် နိုင်ငံ မေရီ လန်းပြည်န ယ် ဘော်လ်တီမိုးရှိ ချန်ဟော့ကင်း
ဆေးရုံတွင် ဘရန်ဒန် မာရော့ကို၏ လက်ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ၁၃
နာရီကြာ ခွဲစိတ် ကုသခဲ့ရ သည်။ ၎င်း ခွဲစိတ် ကုသမှုသည် အမေရိကန် နိုင်ငံတွင်
တစ်ဦးတည်းသော လက်မောင်းနှစ်ဖက် တစ်ပြိုင်တည်း အစားထိုး ခွဲစိတ်ကုသမှု ခံယူသူ
ဖြစ်ကြောင်း သိရသည်။
Myanmar Online News