Tuesday, March 19, 2013

ကွမ်လုံမြို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

0 comments
မတ်(၁၉)



ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့တွင် မတ်လ (၁၈) ရက်နေ့က လိုင်စင်မဲ့ဆိုင်ကယ်များ စစ်ဆေးရာမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ (၁၈) ရက်နေ့တွင် ကွမ်လုံမြို့ ဗိုလ်ချုပ်လမ်း၊ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ယာဉ်ထိန်း ရဲများမှ ယာဉ်အန္တရာယ်ကင်းရေး ဆောင်ရွက်နေစဉ် ကာမိုင်းကျေးရွာဘက်မှ ချင်းရွှေဟော်ဘက်သို့ ယာဉ်မောင်း လောက်ဖာ (တန့်ယန်းမြို့နေသူ) မောင်းနှင်လာသော KANBO -125 (အနီရောင်) ဆိုင်ကယ်အား လိုင်စင်စစ်ဆေးရာ လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ကြောင်း တွေ့ရှိပြီး ၎င်းဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော “ စိန် မြ ချယ် ” ခေါက်ဆွဲခြောက်ဖာအတွင်းမှ ဘိန်းစိမ်း (၁၄) ထုပ် အလေးချိန် (၂၀) ကီလိုဂရမ်ခန့် ကာလ တန်ဖိုးအားဖြင့် သိန်း (၉၀)ခန့် ဖမ်းဆီးရမိခဲ့သည်။



မူးယစ်ဆေးဝါးများတရားမ၀င်သယ်ဆောင်လာသော လောက်ဖာ အား ကွမ်လုံရဲစန်းမှ မယ (ပ) ၃/ ၂၀၁၃ ၊ မူးယစ်ပုဒ်မ ၁၅ / ၁၉ (က) / ၂၀ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here