Friday, March 8, 2013

စေတနာ့ဝန်ထမ်း ခြင်္သေ့ကိုက်ခံရသဖြင့် သေဆုံး

0 comments
မတ်(၈)

စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေး တာဝန်ယူထားသော အသက်(၂၆)နှစ်အရွယ် အမျိုးသမီးသည် ကယ်လီဖိုးနီယားပြည်နယ် အလယ်ပိုင်းရှိ တိရစ္ဆာန် ဥယျာဉ်မှ ခြင်္သေ့လှောင်အိမ်အတွင်း ဝင်ရောက်စဉ် ခြင်္သေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 
 
တိရစ္ဆာန်ဥယျာဉ်လုပ်အားပေးဝန်ထမ်း ခြင်္သေ့ကိုက်ခံရသဖြင့် သေဆုံး
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ တိရစ္ဆာန်ဥယျာဉ် တစ်ခုတွင် အမျိုးသမီးတစ်ဦး ခြင်္သေ့ကိုက်ခံရသဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေး တာဝန်ယူထားသော အသက်(၂၆)နှစ်အရွယ် အမျိုးသမီးသည် ကယ်လီဖိုးနီယားပြည်နယ် အလယ်ပိုင်းရှိ တိရစ္ဆာန် ဥယျာဉ်မှ ခြင်္သေ့လှောင်အိမ်အတွင်း ဝင်ရောက်စဉ် ခြင်္သေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အာဖရိကခြင်္သေ့ အထီးကြီးတစ်ကောင် ရှိနေသော လှောင်အိမ်ထဲ ဝင်ရောက်စဉ် ယခုလို ကြေကွဲစရာ ကိစ္စမျိုး ပေါ်ပေါက်လာခြင်းဟု Cat Haven တိရစ္ဆာန်ဥယျာဉ် တည်ထောက်သူနှင့် အမှုဆောင် ဒါရိုက်တာ ဒေးလ် အန်ဒါဆန်က ပြောကြားခဲ့သည်။

အဆိုပါ တိရစ္ဆာန်ရုံကို (၁၉၉၃)ခုနှစ် ကတည်းက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ခြင်္သေ့၏ ကိုက်ခဲခြင်းကြောင့် ဆိုးရွားစွာ ဒဏ်ရာများ ရရှိနေသော အမျိုးသမီးသည် လှောင်အိမ်ထဲတွင်ပင် လဲနေသည်ကို တွေ့ရှိရသည့်နောက် အခြား တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ဦးက ကြမ်းကြုတ်သည့် အဆိုပါ သားစား သတ္တဝါကြီးအား သွေးဆောင် ဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ထို့ကြောင့် တာဝန်ရှိသူများက မဖြစ်မနေ အခြေအနေကြောင့် ခြင်္သေ့အား ပစ်သတ်ခဲ့ရသည်။ ထို့နောက် လှောင်အိမ်ထဲ ဝင်ရောက်သွားချိန်တွင်မူ အမျိုးသမီးမှာ ဒဏ်ရာများကြောင့် အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ဗုဒ္ဓဟူးနေ့မှစကာ တိရစ္ဆာန်ရုံအား ပိတ်ထားခဲ့ပြီး ခြင်္သေ့တိုက်ခိုက်မှု ဖြစ်ပွားစဉ် အနီးအနား၌ အခြားဝန်ထမ်း တစ်ဦးသာ ရှိနေကြောင်းလည်း အန်ဒါဆန်က ဆိုသည်။ အဆိုပါ တိရစ္ဆာန်ဥယျာဉ်ကို ဧက(၁၀၀) ကျယ်ဝန်းသော နေရာတွင် ဆောက်လုပ်ထားပြီး ကယ်လီဖိုးနီးယား သားရိုင်းတိရစ္ဆာန်နှင့် ငါးများဆိုင်ရာ ဌာန၏ လုံခြုံရေး စံနှုန်း ခွင့်ပြုချက်များအရ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ယခုဖြစ်စဉ်တွင် ပါဝင်သည့် (၄)နှစ်အရွယ် ခြင်္သေ့မှာ ကော့စ်ကော့စ်ဟု အမည်ပေးထားပြီး (၂၀၁၁)ခုနှစ်၊ ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် တိရစ္ဆာန်များ ကျန်းမာရေး စစ်ဆေးမှုတွင် အလုံးစုံ ကောင်းမွန်ကြောင်း မှတ်ချက်ပေး ခံခဲ့ရသည်။


 www.MyanmarExpress.net

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here