Monday, April 8, 2013

သင်္ကြန်ကာလအတွင်း အပမ်းဖြေ ရေကစားရာ ပုန်းထွန်ချောင်း

0 comments
ဧၿပီၤ(၈)

တာချီလိတ်မြို့မှာ သင်္ကြန်ရောက်ပြီဆိုတိုင်း မတ်လ(၂၃)ရက် မှ ဧပြီလ(၂၃)ရက်နေ့ထိ အပမ်းဖြေပျော်ပါး
ရေကစားနိုင်ကြတဲ့ နေရာလေးဟာ ပုန်းထွန်ချောင်း ပဲဖြစ်ပါတယ်။ ထို့အတူပင် မယ်ဟုတ်ချောင်းမှာလည်း ရေကစားနိုင်ပါတယ်။ ယခု ဗီဒီယိုမှာ ပုန်းထွန်ချောင်းရဲ့ အနေအထားနဲ့ ရေကစားနေကြပုံများကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ပုန်းထွန်ချောင်းဆိုတာ တကယ်တော့ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုထဲမှာ ရှိတဲ့ ရေချောင်းကို ပြောတာဖြစ်ပြီး အများကတော့ အဲ့ဒီချောင်းကို ပုန်းထွန်ချောင်းလို့ ခေါ်ကြပါတယ်။ ပုန်းထွန်ချောင်းရဲ့ အနေအထားလေးနဲ့ ပျော်စရာ ရေကစားကြပုံများကို အောက်ပါ ဗီဒီလေး ကို နိပ်ပြီး ဆက်လက်ကြည့်ရှုပါ။

သတိပြုဖွယ်။     
သင်္ကြန်ကာလများမှာ ပုန်းထွန်ချောင်း နဲ့ မယ်ဟုတ်ချောင်းတို့မှာ ရေနစ်သေဆုံးမှုများလည်း ရှိခဲ့တာကို သိရပါတယ်။ ပြီးခဲ့သော ၂၀၁၂ခုနှစ် သင်္ကြန်ကာလတုန်းကလည်း မယ်ဟုတ်ချောင်းမှာ တစ်ယောက်၊ ပုန်းထွန်ချောင်းမှာ တစ်ယောက်
 ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့အတွက် အပျော်အပါး ဆိုသော်လည်း သတိထားကာ ပျော်ပါးကြစေလိုကြောင်း အကြံပြု သတိပေးရင်း နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here