Monday, April 8, 2013

အောင်မြင်ဖြစ်ထွန်းလျက်ရှိ ဒေသထွက် ဂန္ဓမာပန်းများ

0 comments
ဧပြီ(၈)
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ တွင် ဒေသထွက် ဂန္ဓမာပန်း များ လူကြိုက်များ လာ၍ ပန်းစိုက် တောင်သူများ တိုးချဲ့ စိုက်ပျိုးလျက် ရှိပြီး ယခုအခါ လားရှိုးမြို့မှ မူဆယ် ၊ ကွမ်းလုံ ၊ လောက်ကိုင် နှင့် ချင်းရွှေဟော် စသည့် နယ်စပ် မြို့များအထိ တင်ပို့ ရောင်းချ ရလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဂန္ဓမာပန်း များသည် ရာသီဥတု ၃ မျိုးစလုံးတွင် စိုက်ပျိုး နိုင်ပြီး ပန်း အမျိုးပေါင်း ရာဂဏာန်း ရှိရာ နယ်မြေ ဒေသနှင့် ရာသီဥတု အပေါ် မူတည်၍ စိုက်ပျိုး နိုင်ကြောင်း ၊ ရာသီ တစ်ခုလျှင် ပန်းစိုက် တောင်သူများ အနည်းဆုံး အမျိုးပေါင်း ၁၀ မျိုးခန့် စိုက်ပျိုး ကြကြောင်း သိရသည်။ ဂန္ဓမာပန်း သည် စတင် ပျိုးသည့်ရက် အပါအ၀င် ရောင်းတန်းဝင် သည်အထိ ၃ လကျော်ခန့် ကြာမြင့်ပြီး ဈေးကွက်တွင် အဓိက လူကြိုက် အများဆုံး ပန်းများ ဖြစ်သော ကြက်လည်ဆန် ၊ မော်ဒန် ရွှေစင် ၊ လပ်ကီး ၊ ဆန်းမာ ၊ ရွှေဝါ၀င်း စသည့် ပန်းများကို အများဆုံး စိုက်ပျိုးလျက် ရှိပြီး ဈေးကွက်သို့ တင်ပို့ ရောင်းချလျက် ရှိသည်။

ဂန္ဓမာပန်းများ စိုက်ပျိုးရာတွင် နေရာ ဒေသမရွှေး စိုက်ပျိုး နိုင်ပြီး ရေနိုင်ရန် မလိုဘဲ စိုစွတ်ရန်သာ လိုအပ်သည်။ အဆိုပါ ဂန္ဓမာ ပန်းများကို ၂၀ ပွင့်မှ ၂၅ ပွင့်ရှိ ဆုပ်စီး တစ်စီးလဆင် ကျပ် ၂၀၀၀ ခန့် ရရှိ၍ တစ်ပိုင်တစ်နိုင် မိမိတို့၏ အိမ်ခြံဝန်း များတွင်လည်း စိုက်ပျိုး နိုင်ကြောင်း သိရှိရသည်။

http://bit.ly/XaetZN
မြ၀တီ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here