Monday, April 8, 2013

မြောက်ကိုရီးယားက တာလတ်ပစ် ဒုံးကျည်နှစ်ခုကို နေရာရွှေ့ပြောင်း၊ တောင်ကိုရီးယားက အဆင့်မြင့်ရေဒါ စနစ်ပါသော ဖျက်သင်္ဘောများကို ကမ်းရိုးတန်းများသို့ စေလွှတ်

0 comments
ဧပြီ(၈)


မြောက်ကိုရီးယားသည် တာလတ်ပစ် ဒုံးကျည်နှစ်ခု ကို ရွှေ့ပြောင်း ပစ်ခတ်နိုင်သော လောင်ချာသို့ ထည့်သွင်းခဲ့ပြီး ပစ်ခတ်ရန် အဆင်သင့် ရှိနေပြီဖြစ်ကြောင်
း တောင်ကိုရီးယား စစ်ဘက် သတင်းရင်းမြစ်များကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဧပြီ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းသို့ ဒုံးကျည်များနှင့် လောင်ချာ များကို ရထားများဖြင့် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးကလည်း ဧပြီ ၄ရက် တွင် စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။ ယခုအခါ အရှေ့ဘက်ကမ်းရိုးတန်းအနီး မဖော်ပြနိုင်သော နေရာ တစ်ခု၌ ဒုံးကျည်နှစ်ခုကို မြောက်ကိုရီးယားက ၀ှက်ထားသည်ဟု ယွန်ဟပ်က ဖော်ပြခဲ့သည်။

ယင်းကိုတုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားက အဆင့်မြင့်ရေဒါစနစ် တပ်ဆင်ထားသော Aegis ဖျက် သင်္ဘော နှစ်စင်းကို ကမ်းရိုးတန်း နှစ်ခုစလုံးသို့ စေလွှတ်ခဲ့ကြောင်း ရေတပ်သတင်းရင်းမြစ်များကို ကိုးကားပြီး ယွန်ဟပ်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတို့ ရွှေ့ပြောင်းနေသော လောင်ချာကိရိယာများမှာ မိုင် ၂၅၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သော Musudan ဒုံးကျည်ကို ပစ်ခတ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့် တူညီမှုရှိကြောင်း သိရပြီး ယင်းကဲ့သို့ ဒုံးကျည်များ ရွှေ့ပြောင်းနေမှုမှာ မကြာမီ ပစ်လွှတ်ရန် စီစဉ်နေသည်ဟု ထင်မှတ် ရကြောင်း ခန့်မှန်းရသည်။ ယင်းပစ်ခတ်နိုင်သော အကွာအဝေးမှာ တောင်ကိုရီးယား၊ ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများကို ခြိမ်းခြောက်နိုင်ကြောင်း သိရသည်။

သို့သော် ယင်းကဲ့သို့ ဒုံးကျည်များရွှေ့ပြောင်းမှုမှာ ပစ်မှတ်ထားတိုက်ခိုက်ရန်ဆိုခြင်းထက် စမ်းသပ် ပစ်ခတ်မှု ပြုလုပ်ရန် ဖြစ်နိုင်သည်ဟု ယုံကြည်ရသည်။ ဧပြီ ၃ ရက်တွင် အမေရိကန်သည် ပဲ့ထိန်းဒုံးခွင်း စနစ်ကို အမေရိကန် ရေတပ်နှင့် လေတပ်အခြေစိုက် စခန်းများ အခြေစိုက်ရာ ဂူအမ်သို့ ပေးပို့ခဲ့သည်။

ကျွမ်းကျင်ပညာရှင်အများစုက မြောက်ကိုရီးယားသည် ဒုံးကျည်တစ်ခုတွင် နျူထိပ်ဖူးတပ်ဆင်ကာ ပစ်လွှတ်နိုင်သော နည်းပညာရရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်ကြောင်း လက်ခံထားကြသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြောက်ကိုရီးယားသည် ဗြိတိန်အား တိုက်ခိုက်လာနိုင်သည်ဟု ဧပြီ ၄ ရက်တွင် အခိုင်အမာ ပြောကြားခဲ့သည်။ ကွန်မြူနစ် အာဏာရှင် ကင်ဂျုံအွန်တွင် ဗြိတိန် အထိ ရောက်နိုင်သော ဒုံးကျည်များရှိနေသည်ကို သူသိရှိထားပြီး ဖြစ်ကြောင်း ကင်မရွန်း က ပြောကြားခဲ့သည်။

ကင်မရွန်းက မိမိတို့အနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် တရားမ၀င် ပိုင်ဆိုင်ထား မှုကို တန်ပြန်ခြိမ်းခြောက်နိုင်ရန်အတွက် မိမိတို့၏ နျူကလီးယားလက်နက်ကို မစွန့်လွှတ်ဘဲ ထိန်းသိမ်း ထား ရမည်ဖြစ်ကြောင်း စကော့တလန် အနောက်ကမ်းရိုးတန်းတွင် ကင်းလှည့်နေသော HMS Victorious အမည်ရှိ နျူကလီးယား ရေငုပ်သင်္ဘောအား သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။

အမေရိကန် B-52 နှင့် B-2 စတဲ့လ်သ် ဗုံးကြဲလေယာဉ်များ၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရေး အတွက် နျူကလီးယားလက်နက်များ အပါအ၀င် စစ်ရေးဖြင့် တုံ့ပြန်ရေး အတွက် နောက်ဆုံး အတည်ပြုချက် ကို ရရှိခဲ့ကြောင်း မြောက်ကိုရီးယား စစ်တပ်က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဧပြီ ၅ ရက်တွင် မြောက် ကိုရီးယားက ပြုံယမ်းရှိ ပြည်ပသံရုံးများရှိဝန်ထမ်းများ၏ လုံခြုံရေးအတွက် ဧပြီ ၁၀ ရက်နောက်ပိုင်း အာမခံချက် မပေးနိုင်တော့ဟု သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ၀န်ထမ်းများကို အရေးပေါ်ရွှေ့ပြောင်းရန် စဉ်းစား သင့်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
မြန်မာ့သားကောင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here