Thursday, April 4, 2013

အာဂျင်တီးနားတွင် မုန်တိုင်းနှင့်ရေကြီးမှုကြောင့် လူပေါင်းဒါဇင်နှင့်ချီ သေဆုံး

0 comments
ဧပြီ(၄)
ဗျူနိုအေးရီးစ်မြို့တော် အပြင်ဘက် လာပလတ်တာ ဒေသတွင် အနည်းဆုံး လူပေါင်း (၄၈)ဦး သေဆုံး ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

အာဂျင်တီးနား နိုင်ငံတွင် မုန်တိုင်း တိုက်ခတ်မှုနှင့် ရေကြီးမှုများကြောင့် လူပေါင်း ဒါဇင်နှင့် ချီ သေဆုံး ခဲ့ကြောင်း သိရှိရသည်။ ဗျူနိုအေးရီးစ်မြို့တော် အပြင်ဘက် လာပလတ်တာ ဒေသတွင် အနည်းဆုံး လူပေါင်း (၄၈)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

"(၁၂)နာရီအတွင်း မိုးတွေ သည်းသည်းမည်းမည်း ရွာတယ်။ ဧပြီမှာကတော့ မိုးသည်းတတ်တာ ထုံးစံပါပဲ"ဟု လာပလတ်တာ မြို့တော် အစိုးရအဖွဲ့မှ ဆန်တီယေဂို မာတိုရယ်လီက ပြောကြားခဲ့သည်။ မုန်တိုင်းများ တိုက်ခတ်ပြီး မိုးသည်းထန်မှုများကြောင့် မြို့၏ မိုးရေချိန်သည် (၁၃)လက်မအထက်သို့ ရောက်ရှိ ခဲ့ကြောင်းလည်း ဒေသတွင်း သတင်းဌာနများက ဆိုသည်။

"ဒီမုန်တိုင်းကတော့ ထင်မှတ်မထားတဲ့ ကပ်ဘေးတစ်ခုပဲ"ဟုလည်း မာတိုရယ်လီက မှတ်ချက်ပြုခဲ့သည်။ အစောပိုင်းက မုန်တိုင်းနှင့် ဆက်နွယ်သည့် သေဆုံးသူ (၈)ဦး ဗျူနိုအေးရီးစ်တွင် ရှိခဲ့ကြောင်း သတင်း များက ဖော်ပြခဲ့သည်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သမ္မတ ခရစ္စတီနာ ဖာနန်ဒက်ဇ် ဒီကာ့ခ်ျနာသည် အဆိုး ရွားဆုံး ထိခိုက် ပျက်စီးသောနေရာများသို့ လိုက်လံ ကြည့်ရှုခဲ့သည်။ "ဒီကပ်ဆိုးကြောင့် ဘာတွေ ဖြစ်
လာတယ် ဆိုတာကို ကျွန်မကိုယ်တိုင် မြင်ချင်တယ်လေ။

ကျွန်မက ပြည်သူတွေကို ပစ်ထားမှာ မဟုတ်ပါဘူး"ဟု ရေလျှံနေသည့် အိမ်တစ်လုံးထဲတွင် သမ္မတက သတင်းထောက်များအား ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် ရေဘေးသင့် ဒေသများတွင် လုံခြုံရေး ကြပ်မတ်မှုကို အရှိန်မြှင့် ဆောင်ရွက်လျှက် ရှိနေပြီး အချို့သော ဒေသခံများကိုဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်အောင် ကူညီခဲ့ကြသည်။

သမ္မတက "လူတွေက ကျွန်မကို ဒီကိစ္စအတွက် ကြောက်ရွံ့မိတဲ့အကြောင်းပြောကြတယ်။သူတို့ ဆုံးရှုံးခဲ့တာတွေကခန့်မှန်းလို့မရနိုင်ဘူးလေ"ဟုလည်းဆိုသည်။သမ္မတသည် ရေဘေးကြောင့် သေဆုံး သူများကို ရည်စူးပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် နေ့ကိုလည်း သတ်မှတ်ခဲ့ကြောင်း သိရှိရ သည်။

Planet Myanmar Network
အာဂျင်တီးနားတွင် မုန်တိုင်းနှင့်ရေကြီးမှုကြောင့် လူပေါင်းဒါဇင်နှင့်ချီ သေဆုံး
Thursday, April 4, 2013

ဗျူနိုအေးရီးစ်မြို့တော် အပြင်ဘက် လာပလတ်တာ ဒေသတွင် အနည်းဆုံး လူပေါင်း (၄၈)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ 

အာဂျင်တီးနား နိုင်ငံတွင် မုန်တိုင်း တိုက်ခတ်မှုနှင့် ရေကြီးမှုများကြောင့် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဗျူနိုအေးရီးစ်မြို့
တော် အပြင်ဘက် လာပလတ်တာ ဒေသတွင် အနည်းဆုံး လူပေါင်း (၄၈)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

"(၁၂)နာရီအတွင်း မိုးတွေ သည်းသည်းမည်းမည်း ရွာတယ်။ ဧပြီမှာကတော့ မိုးသည်းတတ်တာ ထုံးစံပါပဲ"ဟု လာပလတ်တာ မြို့တော် အစိုးရအဖွဲ့မှ ဆန်တီယေဂို မာတိုရယ်လီက ပြောကြားခဲ့သည်။ မုန်တိုင်းများ တိုက်ခတ်ပြီး မိုးသည်းထန်မှုများကြောင့် မြို့၏ မိုးရေချိန်သည် (၁၃)လက်မအထက်
သို့ ရောက်ရှိခဲ့ကြောင်းလည်း ဒေသတွင်း သတင်းဌာနများက ဆိုသည်။

"ဒီမုန်တိုင်းကတော့ ထင်မှတ်မထားတဲ့ ကပ်ဘေးတစ်ခုပဲ"ဟုလည်း မာတိုရယ်လီက မှတ်ချက်ပြုခဲ့သည်။ အစောပိုင်းက မုန်တိုင်းနှင့် ဆက်နွယ်သည့် သေဆုံးသူ (၈)ဦး ဗျူနိုအေးရီးစ်တွင် ရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သမ္မတ ခရစ္စ
တီနာ ဖာနန်ဒက်ဇ် ဒီကာ့ခ်ျနာသည် အဆိုးရွားဆုံး ထိခိုက် ပျက်စီးသော
နေရာများသို့ လိုက်လံ ကြည့်ရှုခဲ့သည်။ "ဒီကပ်ဆိုးကြောင့် ဘာတွေ ဖြစ်
လာတယ် ဆိုတာကို ကျွန်မကိုယ်တိုင် မြင်ချင်တယ်လေ။

ကျွန်မက ပြည်သူတွေကို ပစ်ထားမှာ မဟုတ်ပါဘူး"ဟု ရေလျှံနေသည့် အိမ်တစ်လုံးထဲတွင် သမ္မတက သတင်းထောက်များအား ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် ရေဘေးသင့် ဒေသများတွင် လုံခြုံရေး ကြပ်မတ်မှုကို အရှိန်မြှင့် ဆောင်ရွက်လျှက် ရှိနေပြီး အချို့သော ဒေသခံများကို
ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်အောင် ကူညီခဲ့ကြသည်။ 

သမ္မတက "လူတွေက ကျွန်မကို ဒီကိစ္စအတွက် ကြောက်ရွံ့မိတဲ့အကြောင်း
 ပြောကြတယ်။သူတို့ ဆုံးရှုံးခဲ့တာတွေက ခန့်မှန်းလို့ မရနိုင်ဘူးလေ"ဟုလည်း ဆိုသည်။ သမ္မတသည် ရေဘေးကြောင့် သေဆုံးသူများကိုရည်စူးပြီး နိုင်ငံ
တော်အဆင့် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် နေ့ကိုလည်း သတ်မှတ်ခဲ့
ကြောင်း သိရှိရသည်။

Source: CNN
Planet Myanmar Network

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here