ဧပြီ(၂၀)
သျှမ်းပြည်မြောက်ပိုင်း
တန့်ယန်းမြို့နယ် အခြေစိုက်စစ်ဗျူဟာမှူးက သျှမ်းပြည်တပ်မတော် တပ်စခန်း အား
မရရအောင်တိုက်ယူရန် တပ်ရင်းမှူးအားအမိန့်ပေးညွှန်ကြားလိုက်ပြီး နောက်ပိုင်း
လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါမကျန် ဒေသတွင်းလူထုအား
ဖမ်းဆီးရိုက်နှက်ခြင်း၊ တခြားသို့ပြာင်းရွှေ့ ခိုင်း ခြင်း
အစရှိခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ဒေသခံများ ကပြောသည်။
တိုက်ပွဲများနှင့် စစ်ရေးအခြေအနေ တင်းမာနေသော ဒေသပြမြေပုံ
“ခလရ ၃၃ မှာလာထိုင်တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းရီ က အောက်ခြေတပ်ရင်းမှူးတွေကို ပြောတယ်။ သံလွင်မြစ်နဲ့ တန့်ယန်း- မိုင်းရှူး ကား လမ်း ကြားက နမ့်ဆီစိန်အုပ်စု SSPP/SSA တပ်စခန်းကို မရရအောင်တိုက်ယူ ရမယ်တဲ့။ အဲတာကြောင့် အဲဒီဖက်မှာ တင်းကြပ်ထားတာလဲဖြစ် နိုင်တယ်” ဟုပြည်သူ့စစ်ခေါင်းဆောင် (လှုပ်ရှားရဲ) ဂျပိုး ကပြောသည်။
ဧပြီလ ၁၅ ရက်နေ့က မိုင်းကောင်ဝ်မြို့တက်မည့် ဟွေ့ဝေးရွာမှ လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးယောဟာ နှင့်ဇနီးအား မြန်မာ စစ်တပ် ခလရ ၂၉၁ (နမ့်ပေါင်)နှင့် ခလရ ၃၃ ပူးပေါင်းတပ်က စစ်ဆေးရိုက်နှက်ရာ မေ့မျောသည်အထိဖြစ်ရကြောင်း ကိုယ်တိုင် မြင် တွေ့ရသည့် တန့်ယန်းရောက်မိုင်းကောင်ဝ်ဒေသခံ စိုင်းပီးကပြောသည်။
“ နမ့်ဆီစိန်အုပ်စုက လားဟူလူငယ်အဖွဲ့တဖွဲ့ကိုလည်း ဒီပူးပေါင်းအဖွဲ့ကဘဲ သေနတ်ဒင်နဲ့ ထုတယ်။ ရိုက် တယ်။ မေ့မျောတဲ့အထိ ဘဲ။ နမ့်ဆီစိန်သားကို မြန်မာစစ်တပ်က အတင်းအကျပ်ကိုင်နေတယ်။ ခလရ ၃၃ က ဗျူဟာမှူးဆိုရင် ဗုံးကွဲသံနဲ့နီးတဲ့ ရွာကို မီးရှို့ မယ်တဲ့။ နမ့်ဆီစိန်အုပ်စု သားတွေကို နမ့်လောင်းဝ် နဲ့မိုင်းကောင်ဝ် ကြား မှာစုပြီး နေခိုင်းမယ်တဲ့။ သျှမ်းတပ်ဖွဲ့ကိုအထောက်အပံ့ မပေးနိုင် အောင်လို့ ပြောတယ်။ ရွာသားတွေရဲ့ မသယ်သွားနိုင်တဲ့ စပါးတွေ ဆီတွေ ဆားတွေကို ကျင်းတူးပြီး အသေအချာမြုပ် ထားခိုင်း တယ်။ နမ့်ဆီစိန် အုပ်စုထဲမှာဆို လားဟူနဲ့ သျှမ်းတွေအနေများတယ်” ဟု စိုင်းပီးကပြောသည်။
အလားတူ နမ့်လောင်းဝ် အုပ်စုရှိ ကောင်းမတ်လန်းရွာနေ လားဟူ(ပြည်သူ့စစ်တပ်ဖွဲ့ဝင်) အမျိုးသား ဂျမွေလ၊ ဂျစောနှင့် ဂျဆီဆီး တို့ကိုလည်း နမ့်လောင်းဝ် -မိုင်းကောင်ဝ် ဘက်၌လှုပ်ရှားတိုက်ခိုက်နေသော မြန်မာစစ်တပ်၏ အဆိုပါပူးပေါင်း တပ်က ရိုက်နှက်ရာ အပြင်းအထန်ဒဏ်ရာ ရခဲ့ကြ ကြောင်း ၊ အခြားသောရွာမှ ရွာသားများ ကျေးရွာဥက္ကဌများကိုပါ ရိုက်နှက်စစ်ဆေး ကြောင်း၊ ရွာသား များပါလာသော ငွေကြေး များကို မြန်မာစစ်တပ်က ယူဆောင်သွားကြောင်း၊ ရွာသားများ၏ ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ သည်များရှိကြောင်း လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင် ဂျဆီး က ပြောသည်။
“ ခလရ ၃၃ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းရီ က ရက်စက်တဲ့လူကြီးဗျ။ သူက ဘိန်းစားတယ်အရက်သောက်တယ်။ ကြင်နာမှု ဆိုတာမရှိဘူး။ ကျနော်တို့ဘက်ကတော့ သူ့ကိုဆို သိပ်ကြည့်လို့မရဘူးဗျ” ဟု ဂျဆီးကပြောသည်။
မြန်မာစစ်တပ်၏တပ်ရင်း ၂၉၁ (နမ့်ပေါင်အခြေစိုက်) ၊ ခလရ ၃၃ နှင့် ခမရ ၃၂၆ တို့ပူးပေါင်းသည့် နယ်မြေရှင်းလင်းရေးတပ်ဖွဲ့ သည် မတ်လဆန်း သျှမ်းပြည်တပ်မတော်၏ တပ်ရင်း ၁၉၂ လွယ်စေး တပ်စခန်း အား စတင်တက်တိုက်ကတည်းက လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ကိုပါ လမ်းပြပေးခိုင်းကြောင်း၊ တိုက်ခိုက်မှုကြောင့် သေကြေဒဏ်ရာရသည့်အထဲတွင် လားဟူပြည်သူ့စစ်လည်း ပါဝင်ကြောင်း နမ့်လောင်းဝ်ဘက်မှ လားဟူ အကြီးအကဲတဦးကသျှမ်းသံတော်ဆင့်အား ပြောပြဖူးပါသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှသတင်းထုတ်ပြန်ချက်အရ သင်္ကြန်ကာလအတွင်း တန့်ယန်းမြို့နယ် နမ့်လောင်းဝ်၊ နမ့်ဟူးကိန်၊ နမ့်ဟူးယိမ်း ဒေသအတွင်းလှုပ်ရှားနေသည့် မြန်မာစစ်တပ်က ဒေသခံလူထု ၁၇ ဦးထက်မနည်းကိုရိုက်နှက်ခဲ့ပြီး ဆိုင်ကယ် ၃ စီးအားမီးရှို့ခဲ့ကြောင်း ခွေး ၃ ကောင်ကိုပါပစ်သတ်ကာ လူနေအိမ်မရေမတွက်နိုင်အောင် မီးရှို့ဖျက်ဆီးပစ်ကြောင်း သိရပါသည်။