Saturday, April 6, 2013

ငြိမ်းချမ်းရေး ပျက်ပြယ်နိုင်ကြောင်း SSA မြောက်ပိုင်း သတိပေး

0 comments
ဧပြီ(၆)

စစ်ပွဲများ အရှိန်မြင့်လာမည် ဆိုပါက ငြိမ်းချမ်းရေးများ ပျက်ပြယ်ကာ ကြီးမားသည့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟု ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဦးစိုင်းလ က ဧရာဝတီသို့ ပြော သည်။
 
အပတ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားသော်လည်း နယ်မြေလုံခြုံရေးအရ ဆိုပြီး နောက်ဆုတ် ခိုင်းသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ပွဲများ ဆက်တိုက် ဖြစ်နေရခြင်း ဖြစ်ကြောင်း ဦးစိုင်းလ က ပြောသည်။
“လက်မှတ်ထိုးတဲ့ တနှစ်ကျော်ကာလအတွင်း တိုက်ပွဲကြီး တိုက်ပွဲသေး ၁၀၀ ကျော် ရှိတယ်။ တကယ်လို့ စစ်အင်အားတွေ တပ် တွေ ထပ်မံ တိုးလာမယ်ဆိုရင်တော့ တိုက်ပွဲကြီးတွေ ပြန်ဖြစ်လာမယ်။ ငြိမ်းချမ်းရေးတွေ ပျက်ပြယ်သွားနိုင်တယ်”ဟု ဦးစိုင်းလက ဧရာဝတီသို့ပြောသည်။
တန့်ယန်းမြို့နယ်အတွင်း မတ်လပိုင်းတွင် ပစ်ခတ်မှုကြောင့် အနီးဝန်းကျင်ရှိ ရွာ ၁၄၊ ၁၅ရွာ ရှိ ရွာသားများသည် တန့်ယန့် မြို့ပေါ်ရှိဘုန်းကြီးကျောင်းတွင် ခိုအောင်းနေထိုင်ရကြောင်း၊ ရွာသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရေမှု၊ တောင်ယာ လုပ်သည့် ရာသီမှာ တောင်ယာ မလုပ်ရသည့်အတွက် စားဝတ် နေရေး အခက်အခဲတွေ့နိုင်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက် တိုင်း စစ်ဋ္ဌာနချုပ်ရှိ ရွှေလီ ရိပ်သာတွင် ဧပြီလ (၃) ရက်နေ့ တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းကော်မတီမှ ပြည် ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် SSPP/SSA အဖွဲ့မှ ဦးစ၀်ခွန်ဆိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့များ အလွတ်သဘောတွေ့ ဆုံဆွေးနွေးခဲ့စဉ်က ပြောကြားခဲ့သည်ဟု သိရသည်။
“အခု သမ္မတ ဦးသိန်းစိန်ကို စာတွေဘာတွေတင်ပါတယ်။ စစ်ရပ်ဆိုင်းရေး ကိစ္စတွေကို သူတို့ တပ်မတော်ဘက်က လူတွေကို ထိန်းသိမ်းပေးဖို့ ကျနော်တောင်းဆိုတယ်။ ဒါပေမယ့် သူတို့ကလည်း တာဝန်မယူနိုင်ဘူး” SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် က ဧရာဝတီ သတင်းဌာနသို့ အင်တာဗျူးတွင်ဖြေကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန် အနေဖြင့်လည်း တာဝန်မယူနိုင်သည့် စကားပြောနေကြောင်း တပ်မတော်အပေါ် သြဇာ သက်ရောက်မှု မရှိကြောင်းကို ပေါ်လွင်နေကြောင်း၊ စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် ငြိမ်းချမ်းရေး ပြန်လည်း ပျက်ပြယ်သွားနိုင်ပြီး တိုက်ပွဲ အရှိန်ပြန်မြင့်လာနိုင်သည်ဟု ဗိုလ်ချုပ်ကြီး ဆေးထင်က ဆိုသည်။
 
ဆက်လက်ပြီ (SSA N )ဗိုလ်မှူး ဦးလက“ရှမ်းပြည်တောင်ပိုင်းလည်း ဒီလိုပါပဲ။နယ်မြေရွေ့ခိုင်းလို့ စစ်ပွဲတွေဖြစ်နေတယ်။ ကျတော် တို့နဲ့ RCSS/SSA တွေ့ဖြစ်တယ်။အဓိကကတော့ အဖွဲ့ နှစ်ခု ပြန်ပေါင်းဖို့ စည်းလုံးဖို့ ကြိုးစားနေကြပါတယ်”ဟု ပြောသည်။
ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေသည့်အချိန် ကာလတွင် အစိုးရအနေဖြင့် စစ်ရေး မပြင်ဆင် သင့်ကြောင်း၊ စစ်ရေး ဖြင့်မခြိမ်းခြောက်သင့်ကြောင်း၊တိုင်းရင်းသား နယ်မြေဒေသများကို စစ်ရေးဖြင့် ခြိမ်းခြောက် တပ်တိုးချဲ့နေမည်ဆိုပါက ယုံကြည်မှုကို ပျက်ပြားစေပြီး ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေနိုင်ပြီး စစ်တပ်မှာ စစ်အင်အားတိုးချဲ့ ပြီး ထိုးစစ်ဆင်နေမည်ဆိုပါက စစ်အင်အား ပိုမိုပြင်ထန်လာနိုင်သည် ဟု ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ဧရာဝတီသို့ပြောသည်။
“တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့နယ်မြေကို စစ်ရေးနဲ့ ကျူးကျော်တိုက်ခိုက်တာတွေ သံသယဖြစ်စရာပါပဲ။ တဘက်က KIO/KIA နဲ့ ငြိမ်းချမ်းရေး စကားပြောနေချိန်မှာ အခြားနေရာတွေမှာ စစ်တပ်အင်အားတွေတိုးချဲ့ ဖိအားပေးတာကတော့ မကောင်း ဘူးပေါ့။ စစ်ပွဲပြင်ထန်းဖို့ကတော့အစိုးရနဲ့ တပ်တွေရဲ့ အပြုအမူတွေပေါ်မှာ မူတည်ပါတယ်။” ဟု ဦးအေးသာအောင်က ပြောသည်။
 
SSA မြောက်ပိုင်းသည် ယခုနှစ်ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တွင် အစိုးရနှင့် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ကိုယ်စားလှယ်များ ပြည်ထောင်စုအဆင့် အပစ် အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိထားပြီးနောက် တပ်များ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခြင်း နှင့် တပ်စခန်းများမှ ဆုတ်ခွာခိုင်းခြင်းတို့ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းက ရှမ်းပြည်တွင် အပစ်အခတ် ရပ်စဲ ထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရခြင်းမှာ နယ်မြေ မခွဲခြားရ သေးသောကြောင့် ဖြစ်သည်ဟု ယခုလ ၂၀ ရက်နေ့က လားရှိုးမြို့တွင် တိုင်းရင်းသား ညီလာခံ အစည်းအဝေးသို့ ရောက်ရှိခဲ့စဉ် ပြောကြားခဲ့ကြောင်း သိရသည်။
SSA တောင်ပိုင်းသည်လည်း အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ထားသော်လည်း မကြာသေးမီ ရက်ပိုင်းက ၎င်းတို့၏ တပ်စခန်းတချို့တို့ကို ဆုတ်ခွာပေးရန် ဖိအားပေးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
နန်းဆိုင်နွမ်
Copy from - irrawaddy.org

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here