Thursday, May 16, 2013

မူဆယ်မြို့လောင်းကစားဝိုင်းအတွင် ဗုံးနှစ်လုံးပေါက်ကွဲ သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီး သိရှိစေရန်

0 comments

မေလ ၁၆ ရက်

သို့- သျှမ်းသံတော်ဆင့်

အကြောင်းအရာ။ ။မူဆယ်မြို့၊(Royal club) ငွေဆင်အိမ်ရာလောင်းကစားဝိုင်း အတွင်း(၁၁.၅.၂၀၁၃) နံနက် (၂:ဝဝ)နာရီခန့်တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူသုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ သက်ဆိုင်ရာ လူကြီးများဖြစ်သော မြို့နယ်အုပ်ချုပ်ရေမှူး ဦးကိုကိုဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးလှဝင် နှင့်သက်ဆိုင်ရာ ရဲတပ်ဖွဲ့ များက လာရောက်ကြပ်မတ်ခြင်း မရှိပါ။ထိုအပြင် ဆင်ဖြူဈေးအနီး (Royal club) အနီးတွင် စိုင်းအိုက်ရီ ဦးဆောင်လုပ်ကိုင်သော လောင်းကစား ဝိုင်း နှင့် ကြက်ဝိုင်း များစည်ကားလျှက်နေပါသည်။ ဤဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် သက်ဆိုင်ရာ လူကြီးမင်းများက လာဘ်ပေးလာဘ်ယူမှုများရှိကြောင်း သိသာထင်ရှားလျှက်ရှိပါသည်။

လောင်းကစားဝိုင်း ရှိခြင်းကြောင့် အမှန်တကယ်ပင် အိုးအိမ်မဲ့၊ စည်းစိမ်မဲ့၊ ပြသာနာ ပေါင်းများစွာ ဖြစ်ပေါ်နေပါသည်။ သမ္မတကြီးမိန့်ကြားချက်အရ ဆင်းရဲမှု လျှော့ချရေး၊ လောင်းကစားပပျောက်ရေးဟု သမ္မတ၏မိန့်ခွန်းအရ သက်ဆိုင်ရာ သျှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့် သက်ဆိုင်ရာလူကြီးမင်းများ ထိရောက်စွာအရေးယူဆောင်ရွက်ပေး ပါရန် လေးစားစွာဖြင့်ပုံနှင့် တကွတင်ပြအပ်ပါသည်။

မူဆယ်မြို့ခံသူတစ်ဦး

Panglong(Burmese)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here