Saturday, May 11, 2013

“၀” ထောင်သောမိုင်းကြောင့် နယ်စပ်တွင် တုန်လှုပ်ခြောက်ခြား

0 comments

မေ ၁၁ ရက်
 

သျှမ်းပြည်နယ် မိုင်းတုံမြို့နယ် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် နယ်စပ်တွင် သင်္ကြန်ကတည်းက မြေမြုပ်မိုင်း များ ဆက်တိုက်ပေါက် ကွဲ လာသည်မှာ ကလေးအပါအဝင် အနည်းဆုံးလူ ၉ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည် ဟု ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။

ပျက်စီးမှုတွင် နွားများ အပြင် အခြားအိမ်မွေးတိရိစ္ဆာန်များလည်းပါဝင်ကြောင်း ထိုင်း လုံခြုံရေးအရာရှိတစ်ဦးက ယနေ့မနက်တွင် ပြောကြား ခဲ့သည်။

“မိုင်းတွေကို “၀”ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ရဲ့ ထိုင်း - မြန်မာနယ်စပ် အခြေစိုက် ၁၇၁ စစ်ဒေသ က ထောင်တာ။ ထိုင်းမှာ မူး ယစ်ဆေး ဖမ်းမိတိုင်း ၀ ကိုဘဲလက် ညှိုးထိုးကြလို့မူးယစ်ဆေးနဲ့ ပတ်သက် လာ ယင် “၀” ဂုဏ် သတင်း တွေကို ထိန်းသိမ်းကာ ကွယ်ဖို့လို့ ၀ ဘက် က ပြောပါတယ်။ ဒါ့အပြင် ၀ နဲ့ ဗမာ့တပ်မတော်ကြားက တင်းမာမှုက လည်း နောက် အကြောင်းအရင်းတစ်ခုလို့ ကျနော်တို့ထင်တယ် ” ဟု ၎င်းကဆက်၍ ပြောသည်။

နှစ်ဖက် ဆက်ဆံရေးတင်းမာလာသည်မှာ UWSA ၏ မြောက်ပိုင်း မှ မဟာ မိတ် များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မ တော် (KIA) ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA) တို့နှင့် ဗမာ့တပ် မတော် တို့ တိုက်ပွဲများစတင် ပြင်းထန် လာကတည်းက ဖြစ်သည်။ 

မိုင်းတုံမြို့နယ်တွင် ဗမာ့တပ်မတော်သည် ယခုလဆန်းအတွင်းထူးခြားသော လှုပ်ရှားမှု များကိုစတင်လာပြီဟု ဒေသခံများက ဆိုသည်။

-ယခင်က ရုပ်သိမ်းသွားသည့် လက်နက်ကြီးများကို UWSA ထိန်းချုပ်နယ်မြေ မိုင်းကျွတ်မြို့ လွယ်ခီလိတ်တောင်သို့ ပြန်လည် ပို့ထားခြင်း

-ကျေးလက်အတွင်းတိုက်ကင်းလှည့်လည်ခြင်းများ ပြန်လည် ပြုလုပ်လာခြင်း 
-အနီးအနားမြို့နယ်များရှိ တပ်များလည်း အင်အားဖြည့်တင်းခြင်း တို့ဖြစ်ကြသည်။

UWSA မှ မိုင်းတုံမြို့နယ်အတွင်း မှီတင်းနေထိုင်သူတို့အား ထိုင်းသို့ သွားသော် -

- BP1 ဟုလူသိများသည့် မိုင်းတုံ - ပုံပါကျင် - နောင်အွတ် (အရူနိုးထိုင်း) လမ်းကြောင်း နှင့်

-မိုင်းတုံ - နားကောင်းမူး - တာကွမ် - ခေါက်ဝိုး - ဟွေပါခီး - နောလဲ - ဖှန် လမ်းကြောင်း လမ်းကြောင်း၂ ခု ကိုသာအသုံးပြုရန် သတိပေး ခဲ့ကြောင်း ချင်းမိုင်မြို့ နှင့် ကီလိုမီတာ ၁၆၀ ခန့်ဝေးသော ဖှန်မြို့နေ ဒုက္ခသည် ကူညီပေးနေသည် တစ်ဦးက ပြောခဲ့သည်။

နယ်စပ်ကြားတွင် မိုင်းတွေထောင်မထားသင့်ဟု ထိုင်းလုံခြုံရေးအရာရှိက သျှမ်းသံတော်ဆင့်အား ပြောခဲ့သည်။

မြန်မာနိုင်ငံအစိုးရသည် ၁၉၉၇ တွင် ကျင်းပခဲ့ သော မိုင်းထောင်စစ်ဆင်ရေး ကန့်ကွက်တားဆီးရေး ဆွေးနွေးပွဲတွင် လက်မှက်ရေးထိုးခြင်း မရှိခဲ့ပေ။ လက်ထိုးခြင်း မပြုခဲ့သည့် နိုင်ငံမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်၊ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတွင်ပါဝင်သည့် တရုတ်၊ ရှရှား နှင့် အမေရိကန် တို့လည်း လက်မှက်ရေးထိုး ခြင်းမရှိခဲ့ပေ။

Panglong(Burmese)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here