စက်တင်ဘာ ၁၃ ရက်ညက ကော့သောင်းမြို့ ကိုးမိုင်အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာ့အသံမှ သတင်းထုတ် လွှင့်ခဲ့မှုကို ပြန်လည်ဖြေရှင်းပေးရေး၊ မီဒီယာများနှင့် တွေ့ဆုံခွင့်ပေးရေး စသည့်အချက်များ အပါအ၀င် ကော့သောင်းအကျဉ်းထောင် ဖြစ်စဉ်အား မိသားစုဝင်များနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့ ပူးပေါင်းပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား စက်တင်ဘာ ၁၇ ရက်က ကော့သောင်းမြို့ Garden ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
ကိုးမိုင်အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ထောင်သားများက ထောင်ဖောက်ခြင်း မဟုတ်ဘဲ ထောင်တာဝန်ရှိသူများက ညှဉ်းပန်း နှိပ်စက်ခြင်းကြောင့် ထောင်ဆူခဲ့ခြင်းဖြစ်ကာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျည်လွတ်ရာသို့ တိမ်းရှောင်ခဲ့ခြင်းသာဖြစ်ကြောင
အဆောင် (၁)ကို ပစ်တဲ့ကျည်ဆန် အချက်ရေက ၁၀၀ ကနေ ၁၅၀ ထိ ရှိတယ်လို့ သိရပါတယ်။ ရဲဘော်သောကြာက ကိုညီညီနိုင်ကို ငှက်ကြီးတောင်ဓားနဲ့ ပါးကိုရိုက်တယ်။ ခြေထောက်နဲ့ ကန်တယ်။ ကိုကျော်မြင့်ဆိုတဲ့ ထောင်ဝန်ထမ်းကလည်း လေးခွနဲ့ ငယ်ပါကို ပစ်တယ်။ အဲဒီလို လူမဆန်တဲ့ လုပ်ရပ်အတွက် ထောင်သားတွေက ထောင်ပိုင်ကြီးကို မလုပ်ဖို့ တောင်းဆိုခဲ့တာပါ။ ထောင်ပိုင်ကြီးကလည်း အရက်မူးနေတယ်လို့ သိရပါတယ်။ မြို့လူထုက အဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သတင်းပဲ ထုတ်ပြန်စေချင်တာပါ . . . . .
"မြို့ထဲနဲ့ ရှစ်မိုင်လောက်ဝေးတဲ့ ထောင်ကို ၅ နာရီ ၄၅ မိနစ် ထောင်ပိတ်ချိန်အမီ သွားရပါတယ်။ ထောင်ပိတ်ချိန်မှာ ညီအစ်ကိုနှစ်ဦး အချင်းများတာကို အရက်မူးနေတဲ့ ထောင်ပိုင်စောရစ်ချတ် အပါအ၀င် ၀န်ထမ်းသုံးဦးက ညှဉ်းပန်းနှိပ်စက် ပါတယ်။ ထောင်သားတွေက ညှဉ်းပန်းမနှိပ်စက်ဖို့ ပြောပါတယ်။ အဲဒါကို ထောင်ဖောက်ပြေးတယ်ဆိုပြီး သေနတ်တွေနဲ့ ပစ်ပါတယ်။ ထောင်သားတွေလည်း ကျည်လွတ်ရာကို ပြေးကြရပါတယ်။ ကျည်လွတ်ရာ ဆိုတာကလည်း အမိုးပေါ်ပဲ ရှိတဲ့အတွက် အမိုးကို တွယ်တက်ကြခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ ဖုန်းထဲမှာ ကြားရတဲ့ အသံတွေအရ ဘရင်ဂန်းတွေနဲ့တောင် ပစ်တဲ့အသံ ကြားရပါတယ်။ ၈ နာရီ ၄၅ မိနစ်မှာ အကျဉ်းသားတွေက မီးကြိုးကို ဖြတ်ချလိုက်ပါတယ်။ မီးမှောင်သွားရင် ကျည်လွတ်နိုင်တယ်ဆိုတဲ့ အတွေးနဲ့ပါ။ ၉ နာရီထိုးဖို့ ၈ မိနစ်အလိုမှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ရောက်လာပြီး အပစ်ရပ်ဖို့ပြောမှ ပစ်ခတ်တာ ရပ်သွားပါတယ်။ အဲဒီမှာ သေဆုံးဒဏ်ရာ ရသူတွေ ရှိခဲ့ပါတယ်။ နောက်နေ့မှာ ၈၈ မျိုးဆက်က နှစ်ဦး၊ ဒီမိုကရက်တစ် (မြန်မာ)က သုံးဦး ထောင်ထဲကို ၀င်ခွင့်ရပါတယ်။ မိသားစုဝင်တွေကတော့ ၁၄ ရက်နေ့ ညနေ သုံးနာရီခွဲမှ တွေ့ခွင့်ရပါတယ်။ မီဒီယာတွေကို တွေ့ခွင့်မပေးပါဘူး။ အဲဒီတော့ ဒါဟာထောင်တွင်း အကြမ်းဖက်မှု တစ်ခုဖြစ်ပြီး သတင်းအမှောင် ချထားတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒီကိစ္စကို သမ္မတဆီအထိ တင်ပြသွားပါမယ်" ဟု ဒီမိုကရက်တစ် (မြန်မာ)မှ တိုင်းစည်းရုံးရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။
ထောင်တွင်းဖြစ်ရပ်များနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားမှု၊ မြန်မာ့အသံမှ သတင်းမှား ထုတ်လွှင့်ချက်များကို အကျဉ်းသားများက ကန့်ကွက်နေပြီး အချက်သုံးချက်အား တောင်းဆိုထားကြောင်း သိရသည်။ အဆိုပါအချက် သုံးချက်မှာ (၁) စက်တင်ဘာ ၁၄ ရက်က မြန်မာ့အသံ သတင်းထုတ်လွှင့်မှု ပြင်ဆင်ပေးရေး၊ (၂)မီဒီယာများနှင့် တွေ့ခွင့်ပေးရေး၊ (၃)လူသတ်ထောင်ပိုင် အလိုမရှိစသော အချက်သုံးချက်ဖြစ်ကြောင်း သိရသည်။
"စစ်အစိုးရ လက်ထက်မှာတောင် မရှိခဲ့တဲ့ အဖြစ်မျိုး ကြုံခဲ့ရတယ်။ ဒါကလည်း ကြိုတင်ပြင်ဆင်ထားပုံ ရပါတယ်။ ထောင်မှူးဦးစံမောင်အပါ လေးဦးက ကြိုတင်နေရာ ယူထားခဲ့ပြီး အဆောင် (၁)ကို ပစ်တဲ့ကျည်ဆန် အချက်ရေက ၁၀၀ ကနေ ၁၅၀ ထိ ရှိတယ်လို့ သိရပါတယ်။ ရဲဘော်သောကြာက ကိုညီညီနိုင်ကို ငှက်ကြီးတောင်ဓားနဲ့ ပါးကိုရိုက်တယ်။
ခြေထောက်နဲ့ ကန်တယ်။ ကိုကျော်မြင့်ဆိုတဲ့ ထောင်ဝန်ထမ်းကလည်း လေးခွနဲ့ ငယ်ပါကို ပစ်တယ်။ အဲဒီလို လူမဆန်တဲ့ လုပ်ရပ်အတွက် ထောင်သားတွေက ထောင်ပိုင်ကြီးကို မလုပ်ဖို့ တောင်းဆိုခဲ့တာပါ။ ထောင်ပိုင်ကြီးကလည်း အရက်မူးနေတယ်လို့ သိရပါတယ်။ မြို့လူထုက အဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သတင်းပဲ ထုတ်ပြန်စေချင်တာပါ။ အခုအချိန်အထိ ဌာနဆိုင်ရာတွေက ထင်သာမြင်သာ မရှိသေးပါဘူး" ဟု ကော့သောင်းမြို့ခံ ကျူရှင်ဆရာ ဦးမျိုးလွင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ အကျဉ်းသားများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ပြီး မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။ ထောင်တွင်း နောက်ဆုံး အခြေအနေ၊ မီဒီယာများနှင့် အကျဉ်းသားများ တွေ့ဆုံခွင့် ရ၊ မရ The Daily Eleven က မေးမြန်းခဲ့ရာ လက်ရှိအခြေအနေတွင် ထောင်တွင်းအခြေအနေမှာ ငြိမ်သက်နေကြောင်း၊ ထောင်ဝန်ထမ်းများကို ပြောင်းရွှေ့မည့် အနေအထားများ ရှိနေကြောင်း၊ ထောင်ပိုင်ကြီးအား တိုင်းဒေသကြီး အစိုးရက ခေါ်ယူသွားကြောင်း၊ မီဒီယာ များနှင့် အကျဉ်းသားများ တွေ့ဆုံခွင့်ရရန် ပါတီအဖွဲ့အစည်းများက ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
စက်တင်ဘာ ၁၃ ရက်ညက ဖြစ်ပွားခဲ့သော ကော့သောင်းအကျဉ်းထောင် ဖြစ်စဉ်မှ ဒဏ်ရာရသူ ၁၃ ဦးအနက် နှစ်ဦးကို ထားဝယ်ဆေးရုံတွင် ဆေးကု သမှု ပြုလုပ်ပေးလျက်ရှိပြီး ကျန်တစ်ဦးကို မြိတ်ဆေးရုံတွင် ကုသပေး လျက်ရှိကြောင်း သိရသည်။ ယခုအချိန်အထိ လူနာများနှင့် မိသားစုဝင်များ တွေ့ဆုံနိုင်ခြင်း မရှိသေးကြောင်း သိရပြီး ဆေးရုံပတ်ဝန်းကျင်တွင် လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။
Eleven