Thursday, September 19, 2013

ဂျပန်အမျိုးသမီး ကောလိပ် ပညာရေးဆွေးနွေးမည်

0 comments
မန္တလေးမြို့နှင့် အထက်မြန်မာပြည်မြို့ကြီးများတွင် ကျောင်းသားများအတွက်ဂျပန်နိုင်ငံ HAKUHO Women's Collage

ကပညာသင်ဆုခံစားခွင်စာမေးပွဲကို မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်ရာ ၀င်ခွင့်စာမေးပွဲဖြေဆိုသူများကို ခဲအိအော့ဂျူ့ခု

ဂျပန်ဘာသာစကားပြောစင်တာမှ အခမဲ့ပညာရေးဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ဂျပန်နိုင်ငံတွင် ဂျပန်ဘာသာ

စကားကိုအခြေခံ၍ ဂျပန်နိုင်ငံ၏ယဉ်ကျေးမှုကို နိုင်ငံတကာယဉ်ကျေးမှုနှင့်နှိုင်းယှဉ်ပြီး HAKUHO Women's Collage မှ

သင်ကြားပေးလျက်ရှိရာကျောင်း၏ ပညာသင်ဆုခံစားခွင့်နှင့် ၀င်ခွင့် စာမေးပွဲကိုအမှတ် ၃၇၊၃၆×၃၇လမ်းကြား၊ မဟာအောင်မြေမြို့

နယ်ရှိခဲအိအော့ဂျူ့ခုဂျပန် ဘာသာစကားပြောစင်တာ၌ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ တက္ကသိုလ်ဒုတိယနှစ်

အောင်မြင်ပြီး JLPT N2,N3,N4,N5 အောင်မြင်ထားသူမည်သူမဆို ၀င်ရောက်ဖြေဆိုနိုင်ကြောင်းသိရသည်။ HAKUHO Women's

Collage ၏ ပညာသင်ဆုခံစားခွင့်နှင့် ၀င်ခွင့်စာမေးပွဲကို စက်တင်ဘာ ၂၈ ရက်နေ့ကျင်းပမည်ဖြစ်ပြီး 

ဝင်ရောက်ဖြေဆိုမည့်သူများ ပညာရေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ရက်နေ့ညနေ ၆နာရီတွင် ခဲအိအော့ဂျူ့ခုဂျပန်ဘာသာစကား

သင်တန်းကျောင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here