Wednesday, September 18, 2013
"ဒေါ်အောင်ဆန်းစုကြည် သြစတေးလျနိုင်ငံကို သွားရောက် လည်ပတ်ဖွယ်ရှိ"
Categories :
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလအတွင်း သြစတေးလျနိုင်ငံ၊ ကို လာရောက်လည်ပတ်ဖွယ်ရှိကြောင်း သြစတေးလျသတင်းစာ The Age က ဖော်ပြပါတယ်။
ခရီးစဉ်အတွင်း ကင်ဘာရာ၊ ဆစ်ဒနီ၊ မဲလ်ဘုန်းမြို့တွေမှာ တွေ့ဆုံပွဲတွေ၊ ဟောပြောပွဲတွေ အများအပြား ကျင်းပဖို့ စီစဉ်ထားတဲ့အပြင် သြစတေးလျ အစိုးရသစ်အဖွဲ့ဝင်တွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဝန်ကြီးချုပ်သစ် Tony Abbott ၊ နိုင်ငံခြားရေးဝန်ကြီးသစ် Julie Bishop နဲ့ အတူ တခြားနိုင်ငံရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံဖွယ်ရှိတယ်လို့ ဆိုပါတယ်။
Subscribe to:
Post Comments (Atom)