Tuesday, September 17, 2013

စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတနှင့် ငါးသိုင်းချောင်းမြို့နယ်များ၌ စိုးရိမ်ရေမှတ်အခြေအနေများ

0 comments
ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၌ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ၃၈ စင်တီမီတာ (၁ ဒသမ ၂ ပေခန့်)ကျော်လွန်နေကာ နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ကျဆင်းနိုင်သည်။

ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၌ စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ ခဲ့ပြီး ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်တွင်တည်ရှိနေကာ ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့၌ စက်တင်ဘာ ၁၄ ရက် နံနက် ၀၀ : ၃၀ နာရီမှစ၍ စိုးရိမ်ရေမှတ် သို့ရောက်ရှိခဲ့ပြီး ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ၅၁ စင်တီမီတာ (၁ ဒသမ ၇ ပေခန့်)ကျော်လွန်နေကာ ယနေ့မွန်းတည့်မှ နောက် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၌ စက်တင်ဘာ ၁၅ ရက် ညနေ ၆ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ၁၅ စင်တီမီတာ (ပေဝက်ခန့်)ကျော်လွန်နေ၍ ယနေ့မွန်းတည့်မှ နောက် ၃ ရက်အတွင်း ၆၀ စင်တီမီတာ (၂ ပေခန့်) ဆက်လက် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၌ ယနေ့နံနက် ၃ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ရောက်ရှိခဲ့ပြီး ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ၁၀ စင်တီမီတာ (၀ ဒသမ ၃ ပေခန့်) ကျော်လွန်နေ၍ ယနေ့မွန်းတည့်မှ နောက် ၃ ရက်အတွင်း ၆၀ စင်တီမီတာ (၂ ပေခန့်) ဆက်လက် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန် ထားသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here