Thursday, September 19, 2013

ရန်ကုန်စက်မှုဇုန်ရှိ အေ၀မ်အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်

0 comments

 19.9.2013

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ဗိုလ်တေဇလမ်းနှင့်အေဝမ်း လမ်းထောင့် ရန်ကုန်စက်မှုဇုန် (ဇေကမ္ဘာ ဝင်း)အကွက်အမှတ်(၁၈/၁၉)တွင် တည်ရှိသော အေဝမ်းအထည်ချုပ် စက်ရုံ၌ ယနေ့ နံနက်၁၁နာရီခွဲက အပူလွန်ကဲ၍ ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၂ ဒသမ ၇ သန်း ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

အဆိုပါ စက်ရုံကြီး မီးစတင် လောင်ကျွမ်းမှုဖြစ်စဉ်သည် အပ်ချုပ် စက်ခန်းနှင့်မီးပူတိုက်သည့် အခန်းတို့ကို အပေါ်မျက်နှာကြက်အတွင်းမှ ဆက်သွယ်ထားသည့် ဝိုင်ယာကြိုးများ အပူလွန်ကဲမှု ကြောင့် ဝိုင်ယာကြိုးများ ခံနိုင်ရည်မရှိဘဲ မီးစတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။ မီးစတင်လောင်ကျွမ်း သည့် နံနက် ၁၁ နာရီခွဲမှစ၍ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း စုံမှ မီးသတ်ကား စုစုပေါင်း ၄၇ စီး၊ မီးသတ်တပ်ဖွဲ့ဝင်သန္ဓေ ၂၉၈ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅၂ ဦးတို့က မီးငြှိမ်း သတ်ခဲ့ရာ (အောက်ယာပုံ)မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် မီးထိန်း နိုင်ခဲ့ပြီး ၁၂ နာရီ ၁၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။ ဆုံးရှုံးမှု တန်ဖိုးများသော်လည်းအလုပ်သမား များနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံကြီးမှာ ပေ (၃၀၀_၁၂၀) ရှိပြီး စတီးလ်သံထည်များကို အများဆုံး အသုံးပြုဆောက်လုပ်ထားသည့် စက်ရုံကြီးဖြစ်သည်။ မီးလောင်မှုနှင့် ပတ်သက်ပြီး စက်ရုံမန်နေဂျာကို မင်္ဂလာဒုံ မြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
မီးသုံးစွဲသည့်အခါ မိမိသုံးသည့် ပမာဏနှင့် သွယ်တန်းထားသည့် ကြိုးများ၏ ခံနိုင်ရည်ကို သတိထား ကြဖို့လိုကြောင်း လျှပ်စစ်ပစ္စည်းများ ကို ခေတ်နှင့်အညီ အမျိုးမျိုးပြောင်း နေကြပြီး အသုံးပြုသည့် ကြိုး၏ခံနိုင် အားကို ချင့်ချိန်ရန် မေ့တတ်ကြ ကြောင်း၊ ထို့ကြောင့် အပူလွန်ကဲပြီး မီးလောင်မှုများ မကြာခဏဆိုသလို ဖြစ်နေရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မင်းက ပြောကြားသည်။

NPE

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here