Monday, September 9, 2013

ယူအက်စ်အိုးပင်း ၅-ကြိမ်မြောက်ချန်ပီယံဖြစ်လာတဲ့ ဆရီနာ

0 comments


9.9.2013

ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလံယံက ကမ္ဘာ့အဆင့်-၂ ဘီလာရုဇ်တင်းနစ်မယ် ဗစ်တိုးရီးယား အဇာရန်ကာအား အနိုင်ရရှိခဲ့သည်ဟုသိရသည်။

၂ နာရီနှင့် ၄၅ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါဗိုလ်လုပွဲတွင် ဆရီနာမှာ အဇာရန်ကာအား ၇- ၅၊ ၆-၇(၆-ဂ)၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး ယူအက်စ်အိုးပင်းချန်ပီယံဘွဲ့အား ၅ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သည်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆရီနာမှာ ၁၉၇၃ ခုနှစ်က ဗိုလ်စွဲခဲ့သည့် သြစေတးလျတင်းနစ်မယ် မာဂရတ် ကောတ့် ထက် ၂၉၃ ရက်အသက်ပိုကြီးခဲ့ပြီး ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲသမိုင်းတစ်လျှေက် ဗိုလ်စွဲခဲ့သည့် အသက်အကြီးဆုံးတင်းနစ်မယ်ဖြစ်လာခဲ့သည်။

တင်းနစ်ကစားသမားသက်တမ်းတစ်လျှောက် ၁၇ ကြိမ်မြောက် ဂရန်းစလမ်းဆုဖလားအား ဆွတ်ခူးနိုင်ခဲ့သည့် ဆရီနာက "ဗစ်တိုးရီးယား(အဇာရန်ကာ) ဟာ မယုံကြည်နိုင်လောက်အောင်ကစားခဲ့ပြီး ပွဲကောင်းတစ်ပွဲပါပဲ။ သူဟာ ပြိုင်ဘက်ကောင်းတစ်ဦးပါ။ ဒါ့ကြောင့်လည်း သူဟာ ဂရန်းစလမ်းဆုဖလားများစွာကို ရယူနိုင်ခဲ့တာပါ။ ဒါကြောင့်နောက်ဆုံးပွဲပြီးတဲ့အချိန်အထိ အရှုံးအနိုင်ပြောလို့မရခဲ့ပါဘူး" ဟု ပြောကြားခဲ့သည်။

ချန်ပီယံဆုဖလားအား လက်တစ်ကမ်းအကွာမှ လက်လွှတ်လိုက်ရသည့် အဇာရန်ကာကလည်း "ခက်ခဲတဲ့ရှုံးနိမ့်မှုတစ်ခုပါပဲ။ ကျမ အိတ်သွန်ဖာမှောက်ကို ကစားခဲ့တာပါ။ ကျမတို့နှစ်ယောက်စလုံးဟာ ကျမတို့ရဲ့ရင်ကိုဖွင့်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် ထိုက်တန်တဲ့ရလဒ်တခုဖြစ်ခဲ့ပြီး............. ဂုဏ်ယူပါတယ် ဆရီနာ......" ဟု ပြောကြားခဲ့သည်။

Ref : sky

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here