Tuesday, September 17, 2013

ဆောက်လုပ်ဆဲမော်ကျွန်း-ဘိုကလေး မြစ်ကူးတံတား ညအချိန်မီးများ ထွန်းပေးစေချင်

0 comments
17.09.2013

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ဖိုးသာအေးကျေးရွာအနီးတွင် ဆောက်လုပ် လျက် ရှိသော မော်ကျွန်း-ဘိုကလေး မြစ်ကူးတံတားမှာ ယခုအခါရေလယ် တိုင်ငုတ်များ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ရာ မိုးတွင်း ရေပြည့်ရေလျှံချိန်များတွင် ရေလယ်တိုင် ငုတ်များ ရေ အောက်တွင် ငုပ်လျှိုးနေသောကြောင့် ရေကြောင်းအချက်ပြ မီးများ ညအချိန်မြင်သာအောင် ထွန်းညှိထားခြင်းမရှိသဖြင့် ညခရီးခုတ်မောင်းကြသော မော်ကျွန်း-ရန်ကုန်နှင့် ရန်ကုန်-မော်ကျွန်းရေယာဉ်ကြီးများဘေးအန္တရာယ်ဖြစ်ဖွယ် ရှိနေ သည်။
ယင်းမော်ကျွန်း-ရန်ကုန် ညနေထွက်ရေယာဉ်များ၊ မော်ကျွန်း-ရန်ကုန် ပုသိမ်သူရှပ်ပြေးရေယာဉ်နှင့် ရွှေစင် ကြယ်ရှပ်ပြေးရေယာဉ်တို့မှာ မော်လမြိုင်ကျွန်းမြို့မှ ညနေ ၅နာရီခွဲနှင့် ၆နာရီတို့တွင် ရန်ကုန်မြို့သို့ အပြိုင်ထွက်ခွာခုတ်မောင်းလျက်ရှိရာ ဖိုးသာအေးကျေးရွာအနီး မော်ကျွန်း-ဘိုကလေး မြစ်ကူးတံတားအနီးသို့ ရေယာဉ်ရောက်ရှိချိန် သည် မှောင်စပျိုးနေပြီဖြစ်ရာ ရေအောက်တွင် ငုပ်လျှိုးနေ သော ရေလယ်တိုင်ငုတ်များအား တိုက်မိပါက ရေယာဉ်များ အန္တရာယ်ရှိမည့်အပြင် ခရီးသွားပြည်သူများပါ အသက် ဆုံးရှုံးနိုင်ပေသည်။

အဆိုပါ မော်ကျွန်း-ရန်ကုန်၊ ရန်ကုန်-မော်ကျွန်းသို့ ညအချိန်ခုတ်မောင်းသော ရေယာဉ် များ ဘေးကင်း လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဖိုးသာအေးကျေးရွာအနီး ဆောက် လုပ်နေသော မော်ကျွန်း-ဘိုကလေး မြစ်ကူးတံတား တွင် ညအချိန် အချက်ပြမီးများ အား မြင်သာအောင် ထွန်းပေးစေလိုကြောင်း သိရသည်။

(မော်ကျွန်းမြင့်အောင်)

သတင်းနှင်.စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here