Monday, September 16, 2013

အင်းလေးကန် ယိုယွင်းပျက်စီးမှုများမှာ ကျွန်းမျောစိုက်ခင်း၊ ဓာတ်မြေသြဇာ၊ ဟိုတယ်နှင့်စက်မှုဇုန်များမှ ရေဆိုးများကြောင့်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

0 comments


16.09.2013

အင်းလေးကန် ယိုယွင်းပျက်စီးလာမှုများမှာ ရေဝေ ရေလဲဒေသများတွင် သစ်တောများပြုန်းတီးခြင်း၊ ကျွန်းမျောစိုက်ခင်းများ၊ ဟိုတယ်နှင့် စက်မှုဇုန်များမှ ရေဆိုးစွန့်ထုတ်ခြင်းများကြောင့် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

''ရေချိုသယံဇာတ ပျက်စီးလာရတာကတော့ သစ်တောပြုန်းတီးတာတွေ၊ ကျွန်းမျောစိုက်ခင်းတွေကြောင့် ကန်ရေပြင် ကျဉ်းမြောင်းလာခြင်း ဖြစ်လာပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲခြင်းတွေ၊ ဟိုတယ်နဲ့ စက်မှုဇုန်တွေက စွန့်ထုတ်တဲ့ ရေဆိုးတွေကြောင့် ရာသီဥတု ပြောင်းလဲလာပြီး မိုးရွာသွန်းမှုနဲ့ မိုးရေချိန် လျော့နည်းလာတာတွေကြောင့် အင်းလေးကန် ယိုယွင်းလာခြင်းဖြစ်ပါတယ်''ဟု ဦးဝင်းထွန်းက ဆိုသည်။

အင်းလေးကန်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း သဘာဝပတ်ဝန်းကျင် အခြေအနေများ စတင် ယိုယွင်းလာကြောင်း၊ ကန်ရေပြင်ညစ်ညမ်းလာခြင်း၊ ပေါင်းပင်များ အဆမတန်များပြားလာခြင်း၊ ရေအရည်အသွေး ကျဆင်းလာခြင်း၊ နွေရာသီတွင် ကန်ရေပြင် ခမ်းခြောက်ခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းသို့ ဖြစ်ပွားမှုများကြောင့် ဒေသခံများ၏ စီးပွားရေးဆိုင်ရာ ပြဿနာများ တွေ့ကြုံရခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်းဆုံးရှုံးလာခြင်းနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အင်းလေးကန် ပြန်လည်တည်ထောင်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေး ရေရှည် စီမံချက် ရေးဆွဲပြီး မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးဆွဲရာတွင် UNHABITAT နှင့် နော်ဝေနိုင်ငံတို့မှ ကူညီခဲ့ကြောင်း သိရသည်။

ရေချိုသယံဇာတရရှိသည့် အရင်းအမြစ်များ ပျက်စီးမှုနှင့် ရေထုညစ်ညမ်းမှုများ တိုးပွားလျက်ရှိကြောင်း၊ ဖြစ်ပွားရခြင်းမှာလည်း စက်ရုံအလုပ်ရုံများမှ ရေဆိုးများ မဆင်မခြင်စွန့်ထုတ်ခြင်း၊ ရေဝေရေလဲဒေသများ ပျက်စီးဆုံးရှုံးမှု၊ သစ်တောပြုန်းတီးမှု၊ စိုက်ပျိုးရေး လုပ်ငန်းများမှ ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေး ထုတ်လွှတ်မှုများကြောင့်ဖြစ်ကြောင်း သိရသည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here