Thursday, September 5, 2013

ဆီးရီးယားအား အမေရိကန်တိုက်ခိုက်ခွင့်အဆိုပြုလွှာ ဆီးနိတ်လွှတ်တော် ရေးဆွဲ၊ အတည်ပြုပြီးပါက ရက် ၆၀ အတွင်း တိုက်ခိုက်ခွင့်ရမည်

0 comments
5.9.2013

ဆီးရီးယားတွင် အမေရိကန်နိုင်ငံမှ စစ်ရေးအရကြားဝင်
ဆောင်ရွက်ရန်အတွက် ရက် ၉၀ သတ်မှတ်ပေး လိုက်သည့် အဆိုပြုချက်အပါအ၀င်၊ ထိုကဲ့သို့ တိုက်ခိုက်ရာတွင် အမေရိကန် ကြည်းတပ်များ အသုံးမပြု ရန်လည်း တားမြစ်ထားသည့် အဆိုပြုလွှာကိုအမေရိကန် ဆီးနိတ်လွှတ်တော်က အင်္ဂါနေ့ကရေးဆွဲခဲ့ပြီး၊ ထိုအဆိုပြုလွှာမှာ ပါတီကြီး နှစ်ခုစလုံးကထောက်ခံထားကြောင်း စက်တင်ဘာ ၄ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်သည် ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်မြို့၏ ဆင်ခြေ ဖုံးဒေသတွင် ဆီးရီးယားပြည်သူများကို ဓာတုဗေဒလက်နက်များအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း အမေရိ ကန်သမ္မတအိုဘားမားက စွပ်စွဲကာ ဆီးရီးယားအားစစ်ရေးအရ အရေးယူတိုက်ခိုက်ရန် တင်ပြခဲ့သည်ကို ယခုအပတ်အတွင်း ကွန်ဂရက်လွှတ်တော်၌ အကြိတ်အနယ်ဆွေးနွေးနေကြသည်။

ဆီးရီးယားနိုင်ငံအပေါ် အမေရိကန်တပ်များက လိုအပ်ချက်အလျောက် အကန့်အသတ်ဖြင့် တိုက်ခိုက်နိုင်ရေးအတွက် အိမ်ဖြူတော်မှတင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အတိုင်းပင် ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး
ကော်မတီကလည်း ဆုံးဖြတ်ခဲ့သည်။

ထိုပူးတွဲဆုံးဖြတ်ချက်မူကြမ်းအား အတည်ပြုပြဋ္ဌာန်းအပြီး ရက် ၆၀ ပြည့်လျှင်၊ ထို ဆုံးဖြတ်ချက်အတိုင်း စစ်ရေးအရ အရေးယူဆောင်ရွက်ခွင့် သက်တမ်းကုန်ဆုံးသွားမည် ဖြစ်သော်လည်း သမ္မတအနေဖြင့် လိုအပ်မည်ဟုထင်ပါက စစ်ရေးအရအရေးယူဆောင်ရွက်ခွင့်ကို နောက်ထပ် ရက် ၃၀ သက်တမ်းတိုးခွင့်ရှိသည်။

အမေရိကန်အနေဖြင့် ဆီးရီးယားကို တိုက်ခိုက်ရာတွင် ကြည်းတပ်များကို အသုံးပြု၍ စစ်ဆင်ရေးမပြုလုပ်ရန်လည်း အဆိုပြုလွှာ၏ အပိုဒ်ခွဲ (၂)တွင် ဆိုထားသည်။

ကော်မတီဥက္ကဋ္ဌနှင့် ဒီမိုကရက်ဆီးနိတ် လွှတ်တော်အမတ်ဖြစ်သူ Robert Menendez ကလည်း၊ အာ ဆတ်အစိုးရအား တိုက်ခိုက်ရေး အမေရိကန်သမ္မတ အိုဘားမား၏ အစီအစဉ်ကိုထောက်ခံကြောင်း ပြောကြားခဲ့ပြီး၊ အဆိုပြုလွှာကို ရေးဆွဲရာတွင် သူ၏ရုံးနှင့် အတူ၊ ရီပတ်ဘလစ်ကင် ဆီးနိတ်လွှတ်တော် အမတ်ဘော့ဘ်ကော့ကာ (Bob Corker) ၏ အဆင့်သတ်မှတ်ရေး ကော်မတီ (ranking committee) မှ အဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။ အဆိုပြုလွှာနှင့်ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်မှုပြုလုပ်ရန် မျှော်လင့်ထားကြောင်းလည်း Robert Menendez က ဆိုခဲ့သည်။


AFP

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here