6.9.2013
တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်အထိ ယာဉ်တိုက် မှု ၇၆၀၀ ခန့် ဖြစ်ပွားခဲ့ကာ သေဆုံးသူမှာ ၂၀၀၀ ကျော်ထိ ရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ အရေအတွက်မှာလည်း ၁၃၀၀၀ နီးပါး ရှိခဲ့ကြောင်း သိရသည်။
ယင်းမှာ နေပြည်တော် အပါအ၀င် တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ကောက်ခံထားခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်း ဒေသကြီးတို့မှာ ယာဉ်တိုက်မှုဖြစ်စဉ် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှစ်လတာ ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု ဖြစ်စဉ် ၁၆၈၀ ဖြစ်ပွားခဲ့ကာ တစ်နိုင်ငံလုံး၏ ပျမ်းမျအရ သေဆုံးသူမှာ ၁၀ ရာခိုင်နှုန်းခန့် ရှိခဲ့ကာ ဒဏ်ရာရရှိ သူမှာလည်း ငါးပုံတစ်ပုံကျော် ဖြစ်ပွား ခဲ့သည်။
ယာဉ်တိုက်မှု၊ ဒဏ်ရာရရှိမှုနှင့် သေဆုံးခဲ့မှုတွင် ပဲခူးတိုင်းဒေသကြီးမှာ ဒုတိယနေရာတွင် ရှိနေပြီး မန္တလေးတိုင်း ဒေသကြီးမှာ တတိယနေရာတွင် ရှိနေသည်။ရန်ကုန်တိုင်းမှာ တစ်လလျှင် သေဆုံးသူ သုံးဆယ့်ငါးဦးနှင့် အထက်ရှိနေပြီး ဒဏ်ရာရရှိသူ အရေအတွက် မှာလည်း လစဉ် ၂၀၀ နီးပါး ရှိနေကြောင်း ယင်းအတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် သြဂုတ်လ အတွင်းမှစ၍ စည်းကမ်းမဲ့ မောင်းနှင်သည့် ယာဉ်မောင်းများကို လိုင်စင် တစ်နှစ်ပိတ်သည်အထိ အရေးယူသွားရန် စီစဉ်နေကြောင်း...
ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ပထမနေရာသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းမှာ တစ်လလျှင် သေဆုံးသူ သုံးဆယ့်ငါးဦးနှင့် အထက်ရှိနေပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း လစဉ် ၂၀၀ နီးပါး ရှိနေကြောင်း ယင်းအတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် သြဂုတ်လ အတွင်းမှစ၍ စည်းကမ်းမဲ့ မောင်းနှင်သည့် ယာဉ်မောင်းများကို လိုင်စင် တစ်နှစ်ပိတ်သည်အထိ အရေးယူသွားရန် စီစဉ်နေကြောင်း သိရသည်။
ဖွံ့ဖြိုးမှုအားနည်း လျက်ရှိသော ချင်းပြည်နယ်မှာ ယာဉ်တိုက်မှုဖြစ်စဉ် အနည်းဆုံး ဖြစ်ခဲ့ပြီး ရှစ်လတာ ကာလအတွင်း အမှု ၅၀ သာ ရှိခဲ့ကာ သေဆုံးသူ ၂၃ ဦးနှင့် ဒဏ်ရာ ရရှိသူ ၉၆ ဦးသာ ရှိခဲ့သည်။
ယင်းနောက် ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှာလည်း ယာဉ်တိုက်မှု ဖြစ်စဉ် အနည်းဆုံး စာရင်းတွင် ပါဝင်ခဲ့သည့် အပြင် ယာဉ်တိုက်မှုနှင့် ဆက်စပ်ရရှိသော ဆိုးကျိုးရလဒ်များလည်း လျော့နည်း ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အနေအထားအရ ယာဉ်တိုက်မှုဖြစ်စဉ် များပြားလာသည့် အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် အင်အားကို ၃၄၀၀ ကျော်အထိ ထပ်မံတိုးချဲ့ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေး၏ ပြောကြားချက်အရ သိရသည်။
ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက တာမွေမြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သော ခရီးသည်တင်ယာဉ် တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Eleven Media Group
Friday, September 6, 2013
Subscribe to:
Post Comments (Atom)