Sunday, September 22, 2013

နေရောင်အဟပ်ခံလိုက်ရတဲ့ အနွမ်းပန်းတစ်ပွင့်

0 comments


22.9.2013
နိုင်ငံပြောင်းလဲလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေလည်း အကုန်ပြောင်းလဲလာတယ်..ဒီကြားထဲမှာ ငွေကြေး ပြည့်စုံတဲ့သူအတွက် လုပ်ငန်းတွေ လုပ်လို့ကောင်းတဲ့အချိန်အခါပဲလေ..ဒါပေမယ့် လက်လုပ် လက်စားဘ၀ တွေအတွက် ကတော့ တွေးကြည့်စရာမလိုတော့ပါဘူး....တစ်နေ့တစ်နေ့ ရုန်းကန် နေလိုက် ကြရတာ..နဖူးကချွေး ခြေမ ကျတဲ့အထိပါပဲ....ဒီလိုဘ၀တွေအတွက် လက်ရှိ ပြောင်းလဲနေတဲ့ ဒီမိုကရေစီ ဆိုတာကရော သူတို့ဘ၀တွေကို အမှန်တကယ် ပြောင်းလဲ ပေးနိုင် ပါ့မလား... ငွေကြေးပြည့်စုံသူ တွေအတွက်က စိတ်အေးချမ်းသာစွာ နေနိုင်ကြတယ်..ဆမ်းရဲ နမ်းပါး သူတွေအတွက်ကတော့ ဘယ်လိုလုပ် အေးချမ်း အနိုင်အုံးမလဲဗျာ.....အဲဒီထဲမှာ တကယ်မအေးချမ်းနိုင်သေးတာ အရွယ် အလတ်ပိုင်း မိန်းခလေးတွေ ဘ၀ပါပဲ.....ဘယ်သူ့ကို အပြစ်ပြောရမလဲ...

ဘယ်လိုထောက်ပြရမလဲဆိုတာကို မသိအောင်ထိပါပဲ..ဘာလို့လဲဆိုတော့..သူတို့ဘ၀ တွေက နေရောင် အဟပ်ခံလိုက် ရတဲ့ အနွမ်းပန်းတစ်ပွင့်လိုဖြစ်နေလို့ပါပဲ.......စစ်အုပ်ချုပ်ရေးလက်အောက်မှာ စီးပွားရေး မပြေလည်မှု တွေနဲ့ အမျိုးမျိုးရုန်းကန်ခဲ့တဲ့ သူတို့ရဲ့ နွမ်းနယ်နေတဲ့ဘ၀တွေက အခုဒီမိုကရေစီ ဆိုတဲ့ အသံလေးနဲ့ ပြန်လည် လန်းဆန်းလာမယ်ပဲရှိကြပါသေးတယ်....ခက်တာက ခုခေတ်မိန်းခလေးတွေ ရည်းစားနဲ့အတူ နေတာ...လိင်မှုနဲ့စီးပွားရှာတာကို သူတို့က ပေါ့ပေါ့လေး တွေးလာကြတာပါပဲ.....လွတ်လပ်တဲ့ နိုင်ငံမှာ လွတ်လပ်စွာလုပ်ပိုင်ခွင့် လွတ်လပ်စွာ ဆုံးဖြတ်ပိုင် ခွင့်တွေရှိတယ် ဆိုတဲ့ အတွေးဆိုးတွေလည်း ၀င်လာကြတယ်ထင်ပါရဲ့.....ပြောချင်တာက ဒီမှာပါ......

ရန်ကုန်မြို့ပေါ်က (၅လွှာ၊ ၃လွှာ၊ )တွေမှာဖွင့်ထားတဲ့ တစ်ချို့ အလှပြုပြင်ဆိုင်တွေဟာ အလှပြုပြင်ရုံမကပဲ လိင်ပိုင်းဆိုင်ရာတွေနဲ့ မြူဆွယ်မှုတွေရှိနေတယ်လို့ သိရပါတယ်....အလှပြုပြင်ဆိုင်လို့ ဆိုင်းဘုတ်ထောင်ပြီး အနှိပ်ခန်းလိုလို လိင်ပိုင်းဆိုင်ရာ ဧည့်ဂေဟာလိုလိုဖြစ်နေတယ်လို့ ရန်ကုန်မြို့မှ ကိုယ်တွေ့ ကြုံခဲ့သူ မိတ်ဆွေတစ်ဦးပြောပြချက်အရသိရပါတယ်...တကယ်ပဲ အဲလိုမျိုးတွေ ဖြစ်လာခဲ့ရင် မြန်မာမိန်းခလေးတွေ အတွက် ရင်လေးစရာပါပဲ.......တစ်ချို့ဆိုင်တွေဆိုရင်လည်း စီးပွားရေးတွက်ခြေကမကိုက် ဒါပေမယ့် ပိုင်ရှင်ဖြစ်သူက ဆိုင်ကို ဆက်လက်ဖွင့်ပေးထားတယ်..ပိုင်ရှင်နဲ့ ဆိုင်က အလုပ်သမားတွေနဲ့ကလည်း အကုန်ဘာညာဘာညာ ဆိုပဲ....သဘောတူလို့ အတူနေတာ မပြောချင်ပါဘူး...ဒါပေမယ့် ငွေရှိတိုင်း မိန်းခလေးတွေရဲ့ ဘ၀ကို အပျော်တမ်းကစားနေတဲ့ ငွေကြေးရှင်တွေလည်း စာနာနားလည်ပေးသင့်တယ်လို့ပြောချင်တယ်....
နောက်တစ်ခု.....မြန်မာနိုင်ငံမှာ လိင်မှု ကိုတရားဝင်လုပ်ပိုင်ခွင့်တွေ တောင်းလာတာ သတင်းတွေမှာ ဖက်ရတယ်...တဖက်ကကြည့်ရင် ကောင်းပါတယ်....အပျော်အပါးကြိုက်တဲ့ ယောင်္ကျားတွေအတွက်
ကောင်းတယ်လို့ပြောလို့ရသလို တဖက်ကကြည့်ရင် မြန်မာမိန်းခလေးတွေ လွယ်လွယ်နဲ့ ငွေများများရတာကိုကြည့်ပြီး ဘ၀ပေး ငွေရှာကြမှာကိုလည်းထည့်စဉ်းစားစရာမဟုတ်လား..
လက်ရှိအချိန်ထိ ရန်ကုန်မြို့ တော်တော်များများနေရာတွေမှာလည်း ရပ်ကွက် လူကြီးနဲ့ပေါင်းပြီး လိင်ကိစ္စတွေပြုလုပ်နေကြတာရှိပါတယ်.ခေတ်အဆက်ဆက်နာမည်ကြီးတဲ့ ရပ်ကွက်တွေလည်း ရှိနေတာပဲ...လက်ရှိအချိန်ထိပေါ့...ဥပမာ စော်ဘွားကြီးကုန်း တို့လိုပေါ့...အဲဒီမှာ လိင် လုပ်တဲ့အိမ် ၅ အိမ် ခြောက်အိမ်လောက်ရှိတယ်..." အိမ်တစ်လုံးမှာ မိန်းခလေး ၁၀ ယောက်အထက်ရှိကြတယ်...သူတို့က မိုးချုပ်မှ အဲဒီအိမ်ကိုလာကြတာ...ည ၈ နာရီလောက်ဆိုရင် ဒီလမ်းထဲမှာ ဘီယာမူးသားတွေနဲ့ အပျော်လာရှာကြတဲ့ ယောင်္ကျားတွေ နေ့တိုင်း မြင်နေရတယ်...အိမ်ရှင်တွေက ဒီနယ်မှာတာဝန်ကျတဲ့ ရဲတွေ နှင့် ရပ်ကွက်လူကြီးတွေကို ပေးကမ်းထားတာရှိတော့ ပတ်ဝန်းကျင်က ပြောလည်း မထူးဘူးလေ..ဒီတော့ ဒီအတိုင်းပဲကြည့်နေရတာပေါ့"

စော်ဘွားကြီးကုန်းမှာနေထိုင်တဲ့ ကျော်ဇင် က ပြောပြထား ပါသေးတယ်....... လက်ရှိအများဆုံး စုဝေးရာ နောက်တစ်နေရာကတော့ ညဖက်တွေ မီးရောင်စုံအောက်မှာ ပျော်ပါး သောက်စားကခုန်ကြတဲ့ ကလပ်ဆိုတဲ့နေရာတွေမှာပါပဲ..အဲဒီကလပ် ကပြန်တဲ့အချိန်မှာ အိမ်မပြန်ကြပဲ အနီးအနားတည်းခိုခန်းတွေမှာ ချစ်သူ...ဒါမှမဟုတ် ကာစတာမာ တွေနဲ့ ထပ်ပြီး ပျော်မြူးကြသေးတယ်လို့ မင်္ဂလာတောင်ညွန့်မှ ကိုစိုးနိုင် ကလည်းပြောပြပါသေးတယ်..ဘာပဲဖြစ်ဖြစ် မြန်မာမိန်းခလေးတွေ ငွေကြေးကြောင့် ဘ၀မပေးမိစေဖို့ပဲပြောချင်ပါတယ်....တာဝန်ရှိတဲ့သူတွေကလည်း စီစစ်ကြပ်မက် သင့်ပါတယ်လို့အကြံပြုရင်း............

ကြမ်းပိုးလေး
Credit: Myanmar Daily News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here