Sunday, September 22, 2013

ခရီးသည်တစ်ဦး၏ အတွင်းခံအတွင်းမှ စိတ်ကြွဆေး ၇သိန်းကျော်ဖိုး ဖမ်းမိ

0 comments

22.9.2013

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ မိုင်တိုင်၇၈/၅အနီး ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်တစ်ဦး၏ အတွင်းခံထဲမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း နောင်ချိုမူးယစ် အထူးတပ်ဖွဲ့မှ သိရသည်။

လားရှိုးမူးယစ်အထူး (နောင်ချိုလှုပ်ရှား)အဖွဲ့မှ ရဲအုပ်သင်းအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့ အ၀င် မိုင်တိုင် (၇၈/၅) (KE-74075)တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တာဝန်များ ထမ်းဆောင်နေစဉ် မူဆယ်မှ မန္တလေးသို့ ယာဉ်မောင်းထွန်းဝင်း မောင်းနှင်လာသော POWER 5 ခရီးသည်တင် ယာဉ်အမှတ် ၁စ/——– အား သက်သေများ ရှေ့တွင် ရှာဖွေရာ ခုံအမှတ် (၄၁)တွင် လိုက်ပါလာသူနေမျိုးထွန်း (၂၃)နှစ်၊ ပိတ်စွယ်ရပ်၊ နယ်မြေ (၃)၊ မိုးကုတ်မြို့နေသူ ၀တ်ဆင်ထားသည့် အတွင်းခံဘောင်းဘီတိုအတွင်း သိုဝှက်ထားသည့် ခဲရောင်တိတ်ဖြင့် ပတ်လျှက်ထုပ်ပိုးထားသည့် ပလပ်စတစ်ကပ်ခွာအိတ်ငယ် အတွင်းမှ 88 နှင့် 1 စာတမ်းတစ်ဖက်စီပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားပါ တစ်ထုပ်၊ (၁၈၀)ပြားပါ တစ်ထုပ်၊ စုစုပေါင်း စိတ်ကြွ
ရူးသွပ် ဆေးပြား (၃၈၀)ပြား၊ အလေးချိန် (၃၄.၂) ဂရမ်၊ (တန်ဖိုး 8211; တစ်ပြားလျှင် ငွေကျပ် 8211; ၂၀၀၀ိ/-နှုန်းဖြင့် ၇၆၀၀၀၀ိ/- ကျပ်ဖိုး)တွေ့ရှိခဲ့သဖြင့် သက်သေများ ရှေ့မှောက်တွင် သိမ်းဆည်းခဲ့ကြောင်း
သတင်းရရှိသည်။

ယင်းသို့ နေမျိုးထွန်းထံမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တွေ့ရှိခဲ့သဖြင့် နောင်ချိုမြို့နယ် ရဲစခန်းမှ မမစ (၅၀/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်လျှက်ရှိ ကြောင်း သတင်းရရှိသည်။

စိုးမင်းနိုင် (လားရှိုး)
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here